DVB Logo
Home
မြန်မာသတင်း
Mytel အပါအဝင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဖေ့စ်ဘွတ်ခ်က စတင်ဖယ်ရှား
DVB
·
December 8, 2021
Mytel အပါအဝင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို  ဖေ့စ်ဘွတ်ခ်က စတင်ဖယ်ရှား
Donate to DVB

မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဒီဇင်ဘာ ၈ ရက် ဒီနေ့ကစလို့ ဖယ်ရှားသွားမယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ ကုမ္ပဏီ Meta က ကြေညာလိုက်ပါတယ်။

မြန်မာစစ်တပ်ပေါ် တားမြစ်ပိတ်ပင်တာတွေကို ထပ်ပြီး တိုးမြှင့်တဲ့အနေနဲ့ စစ်တပ် ထိန်းချုပ်မှုအောက်က စီးပွားရေးလုပ်ငန်းကိုယ်စားပြု လူမှုကွန်ရက်စာမျက်နှာတွေ ၊ Group တွေနဲ့ အကောင့်တွေကို ဖယ်ရှားမှာဖြစ်ပြီး ဒါဟာ ဒီလုပ်ဆောင်ချက်ဟာ အခုနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့တဲ့ စစ်တပ်ပိုပ်ငန်းတွေကို ကြော်ငြာခွင့်တားမြစ်ခဲ့ပြီး နောက်ဆက်တွဲ ပိတ်ပင်အရေးယူတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ကဆက်တိုက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေအတွက် အဲဒီစီးပွားရေးလုပ်ငန်းတွေကနေ ငွေကြေးဆိုင်ရာ ထောက်ပံ့တာမှာ တိုက်ရိုက် ပါဝင်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းတင်ပြထားတဲ့ အချက်အလက်တွေအပေါ်  အခြေခံပြီး အခုအရေးယူဆောင်ရွက်တာကို လုပ်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ကျူးလွန်တဲ့ အချက်အလက်တွေကို  အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတို့က အသေးစိတ်လေ့လာစိစစ်မှတ်တမ်းတင်ထားတာဖြစ်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြား နိုင်ငံတကာ အစိုးရတို့ရဲ့ အရေးယူ ပိတ်ဆို့တာတွေကိုလည်း အဲဒီအချက်အလက်တွေအပေါ် အခြေခံလုပ်ဆောင်ခဲ့တာလို့ Meta က ထုတ်ပြန်ပြောဆိုပါတယ်။

“မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုနဲ့ သူတို့ရဲ့ သက်ရောက်မှုဟာ အလွန်ကျယ်ပြန့်တဲ့အလျောက် အမြဲတမ်းတိတိကျကျ သတ်မှတ်ဆုံးဖြတ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါ‌ကြောင့် စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှုတွေကို ဖော်ပြထားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာကို အခြေခံပြီး ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေနဲ့အညီ အခုလို အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်တာပဲ ဖြစ်ပါတယ်” လို့ Meta ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ   ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေကို ဆက်လက်လေ့လာစောင့်ကြည့်သွားမှာဖြစ်ပြီး လူတွေ ဘေးကင်းဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်တာတွေ ထပ်ပြီး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ခုလိုကြေညာပြီးနောက် နာရီပိုင်းအတွင်းမှာပဲ စစ်တပ်ရဲ့ အဓိကစီးပွားရေး လုပ်ငန်းတခုဖြစ်တဲ့ Mytel ဆက်သွယ်ရေး ကုမ္ပဏီအပါအဝင် စစ်တပ်ပိုင်ကုမ္ပဏီတွေရဲ့  ဖေ့စ်ဘွတ်စ်စာမျက်နှာတွေ ဖယ်ရှားခံလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013