DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် မီတာခမဆောင်သည့်နေအိမ်များ လျှပ်စစ်မီးဖြတ်တောက်ခံရ
DVB
·
December 6, 2021
ပူတာအိုတွင် မီတာခမဆောင်သည့်နေအိမ်များ လျှပ်စစ်မီးဖြတ်တောက်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ မိတာခမဆောင်တဲ့ နေအိမ်တွေ ဒီဇင်ဘာ ၆ ရက်နေ့က စတင်ပြီး လျှပ်စစ်မီး ဖြတ်တောက်ခံထားရတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့ ပူတာအိုလျှပ်စစ်ရုံး၀န်ထမ်းများက မီတာခမဆောင်တဲ့ နေအိမ်တွေကို လျှပ်စစ်မီးလိုင်းများ အကုန်ဖြတ်သွားတယ်။ ကျနော်တို့အိမ်ဆိုလည်း အာဏာသိမ်းပြီးကတည်းက မဆောင်ဖြစ်တာ‌ ဆိုတော့ မီးဖြတ်လည်း ဂရုမစိုက်ဘူး” လို့ ပြောပါတယ်။

ပူတာအိုလျှပ်စစ်ရုံး ၀န်ထမ်းတွေက မီတာခဆောင်တဲ့ မိသားစုတွေဆီက မီတာခဆောင်ပြီးသား လအတွက်လည်း ထပ်မံဆောင်ခိုင်းနေတာ ရှိနေတယ်လို့ ဆိုပါတယ်။

"ကျမတို့အိမ်ဆို အောက်တိုဘာလအထိ မီတာခကို ပုံမှန်ဆောင်ခဲ့ကြတယ်။ အောက်တိုဘာလမှာ သူတို့လျှပ်စစ်ရုံးက အရင်မီတာခဆောင်ပြီးတဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွက်ပါ ဖြတ်ပိုင်းလုပ်ပြီး မီတာခ တောင်းနေတာရှိလာတော့ အဲဒီနောက်ပိုင်းမှာ မီတာခမဆောင်လိုက်ဘူး။ ဒီနေ့တော့ မီလိုင်းဖြတ်သွားတယ်။"

ပူတာအိုဒေသခံပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဒုက္ခအမျိုးမျိုးကြုံနေကြရတာလို့ ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

“သူတို့လက်အောက်မှာ ကဏ္ဍတိုင်း ဆုတ်ယုတ်လာပြီ။ ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း ပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးမှုတွေ လိုလာပြီ။” 

ပူတာအိုကာကွယ်ရေးတပ်ဖွဲ့ (PUTAO PDF) အနေနဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြသူတွေကို ကားနဲ့တိုက် ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အတွက် များစွာစိတ်မကောင်းဖြစ်‌ရပြီး မြန်မာနိုင်ငံမှာဖြစ်တဲ့ကိစ္စဟာ အားလုံးနဲ့ဆိုင်တာကြောင့် မြေပြန့်သားတွေအတွက် တောင်ပေါ်မြေက ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013