DVB Logo
Home
မြန်မာသတင်း
ဘဏ်ဝန်ထမ်းအချို့ စည်းကမ်းဖောက်ဖျက် မသမာမှုများ ရှိနေဟု စစ်ခေါင်းဆောင်ပြော
DVB
·
December 4, 2021
ဘဏ်ဝန်ထမ်းအချို့ စည်းကမ်းဖောက်ဖျက် မသမာမှုများ ရှိနေဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

ဘဏ်ဝန်ထမ်းတွေအနေနဲ့  စည်းကမ်းဖောက်ဖျက်မှု၊ မသမာမှုတွေရှိနေတာကို သိရကြောင်းနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ စောင့်ကြည့်ကြပ်မတ်ဖို့ လိုအပ်သလို ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေကလည်း နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်တွေကို မှန်မှန်ကန်ကန်ဖြစ်အောင် ကြပ်မတ်ပေးရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ 

ဒီဇင်ဘာ ၃ ရက်က ကျင်းပတဲ့  စစ်ကောင်စီခန့် ဝန်ကြီးတွေနဲ့ အစည်းအဝေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာ ဖြစ်ပြီး ဘဏ်ဝန်ထမ်းတွေ ဘယ်လို  စည်းကမ်းဖောက်ဖျက်ပြီး ဘယ်လို မသမာမှုတွေရှိနေတာကိုတော့ အသေးစိတ်ပြောဆိုခဲ့တာ မရှိပါဘူး။ 

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့တွေအားလုံးကိုလည်း Green City၊ Clean City ဖြစ်စေအောင် ဆောင်ရွက်သွားဖို့၊ ပြည်သူတွေအတွက် ပတ်ဝန်းကျင်ကောင်းတွေဖြစ်အောင် ဖန်တီးပေးဖို့၊ မြို့ပြတွေစနစ် တကျရှိစေရေး၊ လမ်းတွေစနစ်တကျရှိစေရေး၊ ရေပေးဝေတွေ စနစ်တကျဖြစ်စေရေး တို့ကို အလေးထား ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းပါတယ်။

Public Transportation လုပ်ငန်းတွေဟာ  ဘက်ပေါင်းစုံမှ တိုးတက်အောင် ဆောင်ရွက်ပေးနေပြီး  စက်သုံးဆီတွေလျှော့ချနိုင်ရေး၊ လျှပ်စစ်ဓာတ်အား အသုံးပြုသွားလာနိုင်ရေး ဆောင်ရွက်ဖို့ လိုအပ်နေလို လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိစေရေး ဆောင်ရွက်ဖို့လည်းတိုက်တွန်းပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ  တရားရုံးတွေနဲ့ ရဲစခန်းတွေမှာ အမှုကိစ္စ ဖမ်းဆီးရမိတဲ့ မော်တော်ယာဉ်နဲ့၊ မော်တော်ဆိုင်ကယ်တွေများစွာဟာ အမှုကိစ္စမပြီးပြတ်သေးလို့ ကာလရှည်ကြာစွာရာသီဥတုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးနေတာကြောင့် အမှုကိစ္စတွေ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပြီး လိုအပ်တဲ့နေရာတွေမှာ ထိရောက်အကျိုးရှိစွာ အသုံးချနိုင်အောင် ဆောင်ရွက်ဖို့ လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်သစ်  အိန္ဒိယနဲ့ အာရှနိုင်ငံတွေမှာလည်းဖြစ်နေပြီး  ကူးစက်မှုမြန်ဆန် သလို ဖြစ်ပွားမှုလည်းပြင်းထန်တဲ့အတွက် ပေါ့လို့တော့မရဘူးလို့ စစ်ခေါင်းဆောင်က ပြောသွားပါတယ်။ 

Photo- DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013