DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌ စာသင်​ကျောင်းများ မဖွင့်လှစ်နိုင်သည့်အပြင် CDM ပညာ​ရေးဝန်ထမ်း ပိုများလာ
DVB
·
December 3, 2021
ယင်းမာပင်မြို့နယ်၌   စာသင်​ကျောင်းများ မဖွင့်လှစ်နိုင်သည့်အပြင် CDM ပညာ​ရေးဝန်ထမ်း ပိုများလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အ​ခြေခံပညာ​ကျောင်း​တွေ ပြန်မဖွင့်လှစ်နိုင်သေးတဲ့အပြင် ပညာ​ရေးဝန်ထမ်းတချို့လည်း  Non CDM က​နေ CDM ဘက်ကို ကူး​ပြောင်းလာနေကြပါတယ်။

ဒီဇင်ဘာ ၁ ရက်​နေ့က  ကပိုင်​ကျေးရွာ အ​ခြေခံပညာအထက်တန်း​ကျောင်းမှ ပညာ​ရေးဝန်ထမ်း ၆ ယောက်ဟာ  Non CDM က​နေ အာဏာဖီဆန်လှုပ်ရှားနေတဲ့ CDM ဘက်ကို ကူး​ပြောင်းလာကြပါတယ်။

အခု CDM ဘက်ကို ကူး​ပြောင်းလာတဲ့  ဝန်ထမ်း​တွေက​တော့ အလယ်တန်းပြ ဆရာ ၁ ယောက်၊ အလယ်တန်းပြ ဆရာမ ၃ ယောက် ၊ ​စာ​ရေး ၁ ယောက်နဲ့ ​ကျောင်း​စောင့်ဝန်ထမ်း  ၁ ယောက် တို့ဖြစ်ကြပါတယ်။

ဓမ္မနဲ့ အဓမ္မဆိုတာ ခွဲခြားလို့ရ​နေတာ​ကြောင့် ဓမ္မဘက်မှာရပ်တည်ပြီး ပြည်သူနဲ့အတူ ရှိချင်တာ​ကြောင့် အခုလို CDM ဘက်ကို ကူး​ပြောင်းလာခဲ့ကြတာလို့   CDM ပြုလုပ်လာတဲ့ ဆရာ/ဆရာမ ​တွေက ​ပြောပါတယ်။

ကပိုင်​ကျေးရွာ ​အ​ခြေခံပညာအထက်တန်း​ကျောင်းမှာ ပညာ​ရေးဝန်ထမ်း ၃၇ ယောက် ရှိတဲ့အထဲက CDM ပြုလုပ်သူ ၃၃ ယောက်  ရှိလာခဲ့ပြီဖြစ်ပြီး Non CDM က ၄ ဦးသာကျန်ရှိ​ပါတယ်။ 

ယင်းမာပင်မြို့နယ်မှာ ပညာ​ရေးဝန်ထမ်းဦး​ရေ ၁၆၀၀ ​လောက်ရှိပြီး အဲဒီအထဲက ၁၃၀၀ ​လောက်ဟာ CDM ပြုလုပ်ခဲ့ကြပြီး ၃၀၀ ဝန်းကျင်​လောက်​က​တော့ Non CDM ​တွေဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီး​နောက်ပိုင်း ယင်းမာပင်မြို့နယ်အတွင်းက စာသင်​ကျောင်း​ပေါင်း ၁၃၅ ​ကျောင်းရှိတဲ့အထဲမှာ ​လက်ရှိအချိန်ထိ တစ်​​ကျောင်းမှ ဖွင့်လှစ်နိုင်ခြင်း မရှိ​သေးပါဘူး။

စစ်ကောင်စီကတော့ နိုဝင်ဘာ ၁ ရက်နေ့က စပြီး နိုင်ငံတဝန်းမှာ အခြေခံပညာစာသင် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ထားတယ်လို့ ကြေညာထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013