DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့ သပိတ်ခေါင်းဆောင်အပါအဝင် ပြည်သူ ၅ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်
DVB
·
December 2, 2021
ဟုမ္မလင်းမြို့ သပိတ်ခေါင်းဆောင်အပါအဝင် ပြည်သူ ၅ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်
Donate to DVB

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့အဝင်စစ်ဆေးဂိတ်မှာ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန် အပါအဝင် ပြည်သူ ၅ ဦးကို စစ်ကောင်စီက ဟုမ္မလင်းမြို့အဝင် စစ်ဆေးဂိတ်မှာ ဗီနိုင်းချိတ်ပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။

“ကျနော်တို့ အကြမ်းဖက်မှုတရားခံဆိုပြီး ဗီနိုင်းထောင်ထားတယ်။ ဟုမ္မလင်းမှာ ဖြစ်ပွားတဲ့ mytel တာဝါဖြိုတာတို့၊ ဒလန်ရှင်းတာတို့အပေါ် ကျနော်တို့ကိုစွပ်စွဲပြီး အပြစ်ပုံချဖို့ စစ်ကောင်စီက လုပ်နေတယ်။ ဒါတွေက ကျနော်တို့လုပ်တာ မရှိဘူး” လို့  ဟုမ္မလင်းမြို့ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်က ပြောပါတယ်။

ဟုမ္မလင်းမြို့အဝင်မှာ ဗီနိုင်းထောင်ပြီး ဖမ်းဝရမ်းထုတ်ခံသူတွေက ကိုကျော်ဝင်းစိန်၊  ကိုသစ်လွင်ဟိန်း၊ ကိုစိုင်းနော်ခမ်း၊ ကိုမျိုးသက်နိုင်နဲ့ ကိုစိုင်းထွန်းထွန်းနိုင်တို့ဖြစ်ပြီး အားလုံး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013