DVB Logo
Home
မြန်မာသတင်း
တရားမဝင်အလုပ်သမား ယာဉ်တိုက်မှုနှင့်ဆက်နွှယ်နေသည့် လူကုန်ကူးပွဲစားကို ထိုင်းရဲက ရှာဖွေနေ
DVB
·
December 1, 2021
တရားမဝင်အလုပ်သမား ယာဉ်တိုက်မှုနှင့်ဆက်နွှယ်နေသည့် လူကုန်ကူးပွဲစားကို ထိုင်းရဲက ရှာဖွေနေ
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ကန်ဖိုင်ဖစ်ခရိုင်ထဲမှာ ဒီလဆန်းပိုင်းက တရားမဝင် ဝင်လာတဲ့ အလုပ်သမား ၂၃ ယောက် ယာဉ်မတော်တဆဖြစ်ပြီး ၃ ယောက်သေဆုံး ၇ ယောက် ဒဏ်ရာရကာ တောထဲ လာပစ်ခံထားရတာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လူကုန်ကူးပွဲစားတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ 

ထိုင်းလူကုန်တားရဲတပ်ဖွဲ့ ရဲမှူးကြီး ဝိဝပ်ခမ်းချန်းနန်း ကိုယ်တိုင်ဦးဆောင်ကာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က စမွတ်ပရကန်ခရိုင် ဘန်ဘော်မြို့နယ်မှာရှိတဲ့ လက်ဝှေ့ပစ္စည်းစက်ရုံကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

ဒီမတိုင်ခင်က အဆိုပါစက်ရုံမှ မြန်မာအလုပ်သမ တယောက် ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရပြီး ကမ်ဖိုင်ဖစ်ဆေးရုံမှာရှိတဲ့ ညီမဖြစ်သူကို သွားရောက်ကြည့်ရှုရင်း လူ ကုန်ကူးမှုသံသယနဲ့ ထိန်းသိမ်းခံထားခဲ့ရပါတယ်။ အဲဒီနောက် သူအလုပ်လုပ်နေတဲ့ စက်ရုံက်ိုပါ လူကုန်တားရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့တာပါ။ 

သူကတော့ သူဟာပွဲစားမဟုတ်ရကြောင်း၊ ညီမဖြစ်သူကတော့ ပွဲစားကို တယောက် ထိုင်းဘတ် ၁၇၅၀၀၀ ပေးပြီးထိုင်းမှာအလုပ်လာလုပ်ဖို့ ပြန်ဝင်လာကြောင်း၊ ဒီစက်ရုံမှာလာလုပ်ဖို့မဟုတ်ဘဲ ပွဲစားကိုလည်း ဘတ် ၂၀၀၀ ဘဲပေးရသေးတယ်လို့ ပြောပါတယ်။ 

သူ့မှာ အလုပ်သမားကတ်အပြည့်အစုံရှိပြီး အလုပ်ရုံမန်နေဂျာကလည်း သူတို့ဆီမှာ အလုပ်သမားပေါင်း ၄၂ ဦးရှိကြောင်း၊ အယောက် ၃၀ ဟာ ထိုင်းအလုပ်သမားတွေဖြစ်ပြီး  ၁၂ ယောက်က ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပြီး အထောက်အထားပြည့်စုံမှသာလက်ခံတယ်လို့ ဖြေကြားပါတယ်၊ စက်ရုံအလုပ်သမကတော့ လူကုန်ကူးမှုအထောက်အထားမခိုင်လုံတာကြောင့် အမှုမှလွတ်ကင်းခဲ့ပါတယ်။

လူကုန်ကူးရဲတပ်ဖွဲ့ဟာ အဆိုပါစက်ရုံထဲကနေ ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်အစည်းအဝေးကို ဗွီဒီယို ကွန်ဖရင့်နဲ့ တိုက်ရိုက်သတင်းပို့ခဲ့ရာမှာ  ရဲမှူးကြီး ဝိဝပ်ခမ်းချန်းနန်းက သူတို့အနေနဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်သူတွေကို လိုက်လံရှာဖွေဖို့ စက်ရုံအလုပ်ရုံပေါင်း ၆ ရုံကို စစ်ဆေး ဖို့ရှိကြောင်း ၊ ဒီကနေ့မှာ စမွတ်ပရကန်ရှိ စက်ရုံ ၂ ရုံကို စစ်ဆေးခဲ့ပြီး တရားခံမတွေ့ဘူးလို့ ဆိုပါတယ်။ 

ဒီမတိုင်ခင်ကတော့ ကမ်ဖိုင်ဖစ်ကားတိုက်မှု၊ အလုပ်သမားတွေစွန့်ပစ်ခဲ့မှုမှာ စိုင်းဝင်းသူ ဆိုသူ ပွဲစား တယောက်ကို  ဖမ်းဆီးရမိခဲ့ကြောင်း၊ အဲဒီကားပေါ်ပါလာတဲ့ တရားမဝင်အလုပ်သမားတွေဟာ စမွတ်ပရကန်နဲ့ ပထုန်ဌာနီခရိုင်တွေမှာ အလုပ်သွားလုပ်မယ်လို့ သိရကြောင်း၊ ကားပေါ်မှာ တရားမဝင် ၂၃ ယောက်ပါပြီး ၃ ယောက် သေဆုံးကာ  ၇ ယောက် ဒဏ်ရာရကာ ဒဏ်ရာပျောက်ကင်းသူတွေကိုလည်း လဝကဥပဒေနဲ့ ဆက်လက်အရေးယူဖို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်ကစပြီး  အမ်အိုယူ (နှစ်နိုင်ငံသဘောတူစာချုပ်အရ) တရားဝင် အလုပ်သမားတွေ စတင်လက်ခံပြီဖြစ်တာကြောင့် အလုပ်လာလုပ်လိုသူတွေအနေနဲ့ တရားဝင်လမ်းကြောင်းကနေသာလာကြဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းနှိုး ဆော်ထားပါတယ်။

နယ်စပ်တောလမ်းတလျှောက်မှာ တရားမဝင် ဝင်ရောက်မှု တားဆီးရေးအတွက် လုံခြုံရေး တင်းကျပ်နေပြီး ထိုင်းနိုင်ငံအတွင်းပိုင်း လုပ်ငန်းခွင်တွေမှာလည်း ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ အလုပ်သမားရုံး၊ လဝက၊ လူကုန်တား၊ စစ်တပ်၊ အုပ်ချုပ်ရေးပိုင်းစတဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေပူးပေါင်းကာ တရားမဝင်အလုပ်သမားတွေ စစ်ဆေးရှာဖွေအရေးယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဆူချတ် ချူမ်းကလင်က သတိပေးပြောကြားထားပါတယ်။ 

တရားမဝင်အလုပ်သမားလက်ခံထားတဲ့ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား တယောက်ကို  ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိပေးဆောင်ရမှာဖြစ်ပြီး ထပ်ခါထပ်ခါကျူးလွန်က နောက်ထပ် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ပါ ကျခံရမှာဖြစ်ပါတယ်။ 

အလုပ်သမားအနေနဲ့လည်း အထောက်အထားမရှိဘဲ အလုပ်ဝင်လုပ်က  တယောက်ကို  ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိ ပေးဆောင်ရမယ့်အပြင် ပြည်နှင်ဒဏ် ၂ နှစ်အပေးခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ 

ကိုးကား - ချနယ်လ် ၃ ရုပ်သံသတင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013