DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အာဂျင်တီးနားတရားရုံး စစ်ဆေးမည်
DVB
·
November 30, 2021
ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အာဂျင်တီးနားတရားရုံး စစ်ဆေးမည်
Donate to DVB

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်ဆိုတဲ့  စစ်ရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အာဂျင်တီးနားနိုင်ငံရဲ့ တရားရုံးက စုံစမ်းစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေကို ၂၀၁၇ ခုနှစ်မှာ စစ်တပ်က နှိမ်နင်းခဲ့မှုကြောင့် လူပေါင်း ၇ သိန်း ၄ သောင်းကျော်ဟာ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားခဲ့ရတာကြောင့် လူမျိုးတုံး သတ်ဖြတ်မှုအထိ ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောထားတဲ့ ဒီအမှုကို အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာ တရားမျှတမှုရဲ့ တရားဥပဒေဆိုင်ရာ အနှစ်သာရမှာ စစ်ရာဇ၀တ်မှုတွေနဲ့လူ သားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အပါအဝင် အလွန်ကြောက်စရာကောင်းတဲ့ တချို့လုပ်ရပ်တွေဟာ လူမျိုးတစ်မျိုးအတွက် သီးခြားမသတ်မှတ်ထားပဲ ဘယ်နေရာမှာမဆို စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိပါတယ်။

ဒီအမှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ အမျိုးသမီး ခြောက်ယောက်ဟာ  အာဂျင်တီးနား တရားရုံးကို အဝေးရောက်သက်သေခံချက် ထွက်ဆိုခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ် ဩဂုတ်လက သူတို့အားလုံး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့ ဖိနှိပ်မှုတွေကြောင့် သူတို့ရဲ့ မိသားစုဝင် အများအပြား သေဆုံးခဲ့ရပါတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ကြောင်း တိုင်ကြားသူတွေထဲက တဦးကပြောပါတယ်။

သူတို့ရဲ့ဆုံးဖြတ်ချက်မှာ ဒီလိုရာဇ၀တ်မှုမျိုးရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ နောက်ဆုံးအဆုံးအဖြတ်ပေးခြင်းဟာ နိုင်ငံတွေရဲ့ အဓိကတာဝန်ဖြစ်ပါတယ်လို့ အယူခံတရားသူကြီတွေက ပြောကြားခဲ့ပါတယ်။

ဒီစီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက်သာမက နေရာတိုင်းမှာ အဖိနှိပ်ခံပြည်သူတွေအတွက် မျှော်လင့်ချက်ကို ကိုယ်စားပြုနေပါတယ်လို့  ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က  ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အာဂျင်တီးနားတရားရုံး ဆုံးဖြတ်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူတွေအတွက် ပုန်းခိုစရာနေရာမရှိဘူးဆိုတာကို ပြသနေတာဖြစ်ပြီး ဒီစက်ဆုပ်ရွံရှာဖွယ် ရာဇ၀တ်မှုတွေကို ကမ္ဘာက လုံးဝလက်မခံကြောင်း အခိုင်အမာ ရပ်တည်နေယ်လို့လည်း  ပြောပါတယ်။

အာဂျင်တီးနားတရားရုံးတွေဟာ စပိန်အာဏာရှင်ဟောင်း ဖရန်စစ္စကိုဖရန်ကိုရဲ့အုပ်ချုပ်မှုနဲ့ တရုတ်နိုင်ငံရှိ Falun Gong လှုပ်ရှားမှုတို့ အပါအဝင် တခြားသော တရားစီရင်ရေးဆိုင်ရာ အမှုအခင်းတွေကို အရင်က တရားစီရင်ခဲ့ဖူးပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံ (အိုင်စီစီ) နဲ့ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး (ယူအန်အိုင်စီဂျေ) တို့မှာလည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013