DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း တောင်သူများကို PRA တပ်က စပါးကူညီရိတ်သိမ်းပေး (ဓာတ်ပုံ)
DVB
·
November 30, 2021
မကွေးတိုင်းအတွင်း တောင်သူများကို PRA တပ်က စပါးကူညီရိတ်သိမ်းပေး (ဓာတ်ပုံ)
1 / 7
Donate to DVB

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) က မကွေးတိုင်းအတွင်း တောင်သူတွေကို နိုဝင်ဘာ ၂၉ ရက်နေ့က စတင်ပြီး စပါးကူညီရိတ်သိမ်းပေးနေတယ်လို့ သိရပါတယ်။

“ကျနော်တို့တတွေက ပြည်သူထဲကနေ စစ်ကောင်စီ အာဏာသိမ်းတာ မကြိုက်လို့ ဒီလို လက်နက်ကိုင်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေရတာ။ အဓိကတော့ဗျာ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်နေတာတွေ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။ ဒါကြောင့်မို့ ကျနော်တို့ အခုလို ကူညီလုပ်ပေးရတာဗျ။ တချို့တပ်သားတွေက စပါးရိတ်တတ်တာရှိသလို၊ တချို့က မရိတ်တတ်တာလည်း ပါတယ်။ စပါးရိတ်တတ်အောင် သင်ပေးတဲ့သူက သင်ပေး၊ စပါးသယ်ပေးသူက သယ်ပေး၊ ခြွေတဲ့သူက ခြွေပေး။ ဒါတွေ လုပ်ကိုင်ကူညီပေးကြတာ စည်စည်းလုံးလုံးနဲ့ပဲဗျ။ အဖွဲ့ကလည်းများတော့ စပါး ၂ ဧကစိုက်ခင်း ခဏလေးပြီးသွားတယ်။ တော်လှန်ရေးလည်းလုပ်ရင်း ပြည်သူတွေ ဒုက္ခရောက်တာလည်း ကူညီရင်းပေါ့ဗျာ”လို့ ပြည်သူ့တော်လှန်ရေးတပ်မတော်ရဲ့တာဝန်ရှိသူ ဗိုလ်ဂျပန်ကြီးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) ဟာ လက်နက်ကိုင်တော်လှန်ရေးကို ပုလဲမြို့နယ်အတွင်း အခြေချလုပ်ကိုင်လာပြီး ဒေသခံပြည်သူ့ကာကွယ်ရေး သင်တန်းတွေ လုပ်ကိုင်ပေးရင်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013