DVB Logo
Home
မြန်မာသတင်း
မြစ်ငယ်ရဲစခန်းက ရဲတပ်သား ၁ ဦး PDF နှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ
DVB
·
November 28, 2021
မြစ်ငယ်ရဲစခန်းက ရဲတပ်သား ၁ ဦး  PDF နှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ
Donate to DVB

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်ရဲစခန်းက ရဲတပ်သားတယောက်ကို  PDF နဲ့ ဆက်သွယ် သတင်းပေးတယ်ဆိုပြီး ဖမ်းဆီးကာ အကြမ်းဖက်တိုက်ဖျက်​ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မြစ်ငယ်ရဲစခန်းက အသက် (၂၄) နှစ်အရွယ် ရဲတပ်သားအောင်ရဲကျော်ဟာ စခန်းမှူး ဝင်ထွက်သွားလာမှုတွေကို PDF ထံ Viber ကနေတဆင့် သတင်းပေးတာကြောင့် နိုဝင်ဘာ ၁၉ ရက်နေ့က ဖမ်းခံလိုက်ရတာလို့ စခန်းနဲ့ နီးစပ်သူတွေ က ဆိုပါတယ်။

ဒါ့ကြောင့် ရဲတပ်သားအောင်ရဲကျော်ကို မြစ်ငယ်ရဲစခန်းမှာ (ပ)၁၃၃/၂၀၂၁၊ အကြမ်းဖက်တိုက်ဖျက်​ရေးဥပဒေ ပုဒ်မ-၅၂(က) နဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က အမှုဖွင့်ပြီး မန္တလေးတိုင်း အကူတပ်ဖွဲ့ခွဲအချုပ်မှာ ချုပ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013