DVB Logo
Home
မြန်မာသတင်း
MNDAA ကိုးကန့်တပ်က ကျည်ဆန် ၂ သိန်းနှင့် RPG ဗုံးသီး ၅၃၀၀ ကျော်အသုံးပြုခဲ့ဟု စစ်ကောင်စီပြော
DVB
·
November 28, 2021
MNDAA ကိုးကန့်တပ်က ကျည်ဆန် ၂ သိန်းနှင့်  RPG ဗုံးသီး ၅၃၀၀ ကျော်အသုံးပြုခဲ့ဟု စစ်ကောင်စီပြော
Donate to DVB

ရှမ်းပြည်နယ်၊ အရှေ့မြောက်ဘက်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း MNDAA ကိုးကန့်တပ်ဖွဲ့က  ကျည်ဆန် ၂ သိန်းလောက်နဲ့  RPG ဗုံးသီး ၅၃၀၀ ကျော် အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြား အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ MNDAA နဲ့ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားသွားတာပါ။ 

ထူးခြားချက်အနေနဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတိုင်းမှာ ကျည်သုံးစွဲမှု၊ ခဲယမ်းသုံးစွဲမှု အရင်ကထက်ပိုပြီး အမြောက်အမြား အသုံးပြုနေတာကိုတွေ့ရကြောင်း၊ မိမိတို့ မြေပြင်ရရှိသတင်းနဲ့ တခြားအရင်းအမြစ်တွေက ရရှိတဲ့ သတင်းတွေအရ  ဥပမာ လက်နက်ငယ်ကျည် ၂၆၀၀၀၀  ၊ RPG ဗုံးသီး ၅၃၀၀ ကျော်၊ ၁၀၇ မမ ဒုံး ၄၀ ကျော် ပစ်ခတ်ခဲ့တာတွေ့ရကြောင်း၊ ဒီလို များပြားတဲ့ ကျည်၊ ခဲယမ်းပမဏတွေ ရရှိ ပစ်ခတ်နိုင်တာာ သံသယရှိဖွယ် အရင်းအမြစ်ကို ဆက်စပ်ဖော်ထုတ်ဖို့ လိုအပ် ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း   မုံးကိုးဒေသကို  အဆက်မပြတ် စစ်အင်အားတိုးချဲ့လာတာနဲ့ အမျှ သံလွင်မြစ်အနောက်ဘက်ခြမ်းတလျှောက်မှာ   ကိုးကန့် MNDAA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေပြင်းထန် ဖြစ်ပွားနေတာပါ။

မူဆယ်ခရိုင်ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုး၊ ဖောင်ဆိုင်ဒေသမှာရှိတဲ့ MNDAA တပ်စခန်းတွေကို ဧပြီလက စတင်ပြီး စစ်ကောင်စီတပ်တွေက တိုက်ခိုက်ရေး တင့်ကားအပါအဝင် ကြည်းတပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ရက်လရှည်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူး၊ ဒုတိယတပ်ရင်းမှူး အပါအဝင် အရာရှိစစ်သည် အမြောက်အမြား ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့လို့ MNDAA တပ်က သင်္ဂြိုဟ်ပေးရတဲ့အထိ ရှိခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ စွန့်ပစ်ခဲ့တဲ့  လက်နက်ခဲယမ်းအများအပြားလည်း MNDAA တပ်က မကြာခဏ သိမ်းဆည်းရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013