DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးသတင်းထောက်များနှင့် မီဒီယာသမားများ၏လွတ်လပ်ခွင့်အတွက် ယူကေက ဆက်လက် ပံ့ပိုးရပ်တည်မည်
DVB
·
November 28, 2021
အမျိုးသမီးသတင်းထောက်များနှင့် မီဒီယာသမားများ၏လွတ်လပ်ခွင့်အတွက် ယူကေက ဆက်လက် ပံ့ပိုးရပ်တည်မည်
Donate to DVB

သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ အမျိုးသမီးလွတ်လပ်ခွင့်တွေဟာ ဒီမိုကရေစီစနစ် အတွက် မရှိမဖြစ်အရေးပါပြီး အမျိုးသမီးသတင်းထောက်တွေနဲ့ တခြားမီဒီယာသမားတွေရဲ့ လွတ်လပ်ခွင့်အတွက် ယူကေအစိုးရက ဆက်လက်ပံ့ပိုးရပ်တည်သွားမယ်လို့ ယူကေသံရုံးက  ထုတ်ပြန်ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် နိုဝင်ဘာ ၂၈ ရက် ဒီကနေ့ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး အမျိုးသမီးသတင်းထောက် အနည်းဆုံး ၁၉ ယောက်ဟာ သူတို့ရဲ့ အလုပ်ကို ရိုးရှင်းစွာ ထမ်းဆောင်ရုံနဲ့ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်အထိ အမျိုးသမီးသတင်းထောက် အနည်းဆုံး ၈ ယောက်  ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ သတင်းထောက်တွေဟာ အမှန်တရားကို ထုတ်ဖော်ရေးသားရုံမျှနဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ တရားစွဲဆိုခံရနိုင်တဲ့ အန္တရာယ်များကြုံတွေ့နေရတာဖြစ်ပါတယ်။

အထူးသဖြင့် အမျိုးသမီးသတင်းထောက်တွေဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်၊ စော်ကားခံရမှုတွေနဲ့ ခြိမ်းခြောက်မှုတွေနဲ့  တိုးမြှင့်ရင်ဆိုင်နေရတယ်လို့ ယူကေသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြရင်း ပထမဆုံး အသက်ဆုံးရှုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်အပါအဝင် စစ်တပ်အာဏာသိမ်းချိန်ကစပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် အားလုံးကို  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ ဗြိတိသျှသံရုံးရန်ကုန်က ဂုဏ်ပြုထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အနည်းဆုံး အမျိုးသမီးနဲ့ မိန်းကလေးငယ် ၈၅ ယောက်တို့ဟာ  စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီးတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့တဲ့ သတင်းတွေလည်း ထွက်ခဲ့တာဖြစ်ပါတယ်။

ယူကေအစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်တာကို ဓာတုလက်နက်တွေအသုံးပြုသကဲ့သို့ တားမြစ်လုပ်ရပ်အဖြစ် သတ်မှတ်ရှုတ်ချပြီး ဒီလို့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို အပြီးအပြတ် အဆုံးသတ်ရေးလုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။

ကျား-မအခြေပြု အကြမ်းဖက်မှုအားလုံးကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို ထောက်ခံတဲ့အနေနဲ့ ရန်ကုန်ရှိ ဗြိတိသျှသံရုံး အဆောက်အဦးကို  လိမ္မော်ရောင် မီးထွန်းထားပါတယ်။အခုနှစ်ဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ ၁၆ ရက်တာ လှုပ်ရှားမှုရဲ့  နှစ် ၃၀ ပြည့် နှစ်ပတ်နေ့ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ  ကမ္ဘာတဝန်းမှာ လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013