DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်၌ စစ်တပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်၊ မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်
DVB
·
November 27, 2021
ဒီပဲယင်းမြို့နယ်၌ စစ်တပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်၊  မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာမှာလည်း နိုဝင်ဘာ ၂၇ ရက် ဒီကနေ့ ညနေ စစ်ကောင်စီတပ်တွေ ရဟတ်ယာဉ်တွေ လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

“အခုညနေ ၄ နာရီခွဲလောက် စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် ၅ စီးနဲ့  ညောင်လှကျေးရွာကို လာရောက်ပစ်ခတ်တယ်။ သူတို့က ရဟတ်ယာဉ်ပေါ်ကနေ ပစ်တော့ ကျနော်တို့ဘက်က ပစ်ခွင့်မသာဘူး။ အခု အဲဒီရဟတ်ယာဉ်က စစ်ကောင်စီတပ်တွေ ချပြီး အခုထိ တိုက်ပွဲဖြစ်နေတယ်။” လို့ ဂဠုန်တပ်တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ အထိအခိုက် ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရှိရသေးပါဘူး။ 

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခက်ကျေးရွာအနီး တမာပင်ချောင်မှာ နိုဝင်ဘာ ၂၇ ရက် မနက် ၇ နာရီလောက်က  စစ်ကောင်စီတပ်နဲ့ မင်းကင်းဒေသခံ PDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

တောင်ဖြူကျေးရွာဘက်ကနေ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ လောက်နဲ့ ကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့  ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‌မင်းကင်းမြို့နယ် ဒေသခံ PDF တဦးက “ကျနော်တို့က ကြိုတင်ပြင်စဉ်တာတွေ လုပ်ထားတယ်။ ဒါပေမဲ့ နယ်မြေကျွမ်းကျင်တဲ့ လမ်းပြပါမယ်ထင်တယ်ဗျ။ ကျနော်တို့ အလုံးအရင်းနဲ့ ပြုလုပ်ထားတဲ့ပစ်ကွင်းကို ရှောင်ပြီး အရန်လောက်ကြိုတင်ပြင်ဆင်ထားတဲ့ တမာပင်ချောင်ဘက်ကနေ တက်လာတာ။ အဲလိုတက်လာပြီး နင်းမိုင်းတစ်လုံးစပြီး မိသွားတယ်။ အဲလိုလဲမိရော အနီးအနားကို RPG တွေနဲ့ တရစပ် ထုတော့တာဗျ။ ကျနော်တို့လည်း နောက်ဆုတ်ပြီး ဟပေးလိုက်တယ်။ ဒါပေမဲ့ သူတို့က တက်မလာတော့ဘဲ ကျဆုံးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေ ပြန်သယ်သွားပြီး ပန်ဆက်ကျေးရွာဘက် တပ်ပြန်ဆုတ်သွားတယ်”လို့  ပြောပါတယ်။

ဖက်ခက်ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုတွေမှာ မင်းကင်း PDF တွေဘက်ကတော့ ထိခိုက်ကျဆုံးတာမရှိဘူးလို့သိရပါတယ်။ အဆိုပါ မိုင်းကွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အကျဆုံးနဲ့ ဒဏ်ရာရသူ အရေအတွက်ကိုတော့  အတိအကျ အတည်ပြုလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013