DVB Logo
Home
Lead Story
ဆာဆာကာဝါရဲ့ ကန့်လန့်ကာနောက်ကွယ်က အမှန်တရား
DVB
·
November 27, 2021
ဆာဆာကာဝါရဲ့ ကန့်လန့်ကာနောက်ကွယ်က အမှန်တရား
Donate to DVB

မကြာခင်ရက်ပိုင်းက နိပွန်ဖောင်းဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို လာသွားတယ်ဆိုတဲ့ သတင်းတွေက  သတင်းမီဒီယာအနှံ့ နေရာယူခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။  ဆာကာဝါရဲ့ ခရီးစဥ်က စစ်အာဏာရှင် ကျဆုံးရေးအတွက် ဘယ်လောက်အကျိုးရှိသလဲ၊ တော်လှန်ရေးအတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာ ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အကျိုး အပြစ် ထည့်တွက်ဖို့ ဆိုရင် ဆာဆာကာဝါနဲ့ နိပွန်ဖောင်းဒေးရှင်းအကြောင်းကို နားလည်သိရှိထားဖို့ လိုအပ်ပါတယ်။ 

နိပွန်ဖောင်ဒေးရှင်းကို ၁၉၆၂ မှာ Ryoichi sasakawa က ထူထောင်ခဲ့ပါတယ်။ Ryoichi kakasawa က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျပန် စစ်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံးတဲ့ ဂျပန်ထိပ်သီး စစ်ရာဇဝတ်သားတွေနဲ့အတူ ဂျပန်ဆူကာမို အကျဉ်းသားတစ်ဦး ဖြစ်ခဲ့ပါတယ်။

Ryoichi sasakawa က အီတလီဖက်ဆစ် မူဆိုလီနီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ဂျပန်တပ်မတော်အတွက် ကိုယ်ပိုင်လေတပ် ထူထောင်နိုင်ဖို့ လှူဒါန်းနိုင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဂျပန်အမျိုးသားအစွန်းရောက်စစ်ဝါဒီ ဖြစ်ပြီး အမျိုးသားအစွန်းရောက်ပါတီကို ၁၉၃၀ မှာ ပြည်သူ့မျိုးချစ်ပါတီအဖြစ် ထူထောင်ခဲ့ပါတယ်။ ဂျပန်မြေအောက်လောကရဲ့ ဧကရာဇ်အိုဒမနဲ့ ပူးပေါင်းကာ စစ်ဆန့်ကျင်ရေး နိုင်ငံရေးသမားများ တက်ကြွလှုပ်ရှားသူတွေကို လုပ်ကြံ သတ်ဖြတ်ရာတွင် ထင်ရှားခဲ့သူတစ်ဦး ဖြစ်တယ်။ 

ဒုတိယကမ္ဘာစစ်အပြီး ဂျပန် လက်နက်ချခဲ့ရပြီး ထိပ်သီးစစ်ရာဇဝတ်သားတွေနဲ့ အဖမ်းခံခဲ့ရပေမယ့် ဗိုလ်ချုပ်တိုးဂျိုး အပါအဝင် အနည်းငယ်သာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဆာဆာကာဝါနဲ့ အများစုက လွတ်မြောက်မှုမှာ အမေရိကန် CIA ရဲ့ ကြားဝင်ပေးမှုကြောင့်ဖြစ်ပြီး စစ်ပြီးခေတ် ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရာမှာ အမေရိကန်အလိုကျ အဓိကဇာတ်ဆောင်နေရာက ပါဝင်လာခဲ့ပါတယ်။

ဂျပန်နိုင်ငံရေးမှာ လူလုံးထွက်မပြဘဲ နိုင်ငံရေးလောကကို ချုပ်ကိုင်ရုံမကဘဲ အမေရိကန် အစီအစဥ်နဲ့ တရုတ်စစ်ဘုရင် ချန်ကေချိတ်တို့ကို ပူးပေါင်းကာ အာရှကွန်မြူနစ် တိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရေးလောကကို ချုပ်ကိုင်ကာ လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ရုံမကဘဲ ဂျပန်စပိဘုတ်ရန်ပုံငွေဥပဒေကို အစိုးရကပြဋ္ဌာန်းပေးပြီး အမြတ်အစွန်းများစွာနဲ့ နိပွန်ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ဂျပန်စီးပွားရေး တရှိန်ထိုး တိုးတက်မှုနဲ့အတူ နိပွန်ဖောင်ဒေးရှင်းကို ကမ္ဘာလုံးဆိုင်ရာ လူမှုရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဆင့်နေရာ ရောက်ရှိခဲ့ပြီး Ryoichi sasakawa က နိုဘယ်ဆု ရရှိဖို့အထိ မျှော်မှန်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ လောင်းကစား ပက်သက်ဆက်နွှယ်မှုကြောင့် နိုဘယ်ဆုနဲ့ ဝေးခဲ့ရပြီး ၁၉၉၅ ခုနစ်မှာ သေဆုံးခဲ့ကာ သူရဲ့ နိုဘယ်ဆုအိပ်မက် ကင်းဝေးခဲ့ရပါတယ်။ သူ သေဆုံးပြီး တနှစ်အကြာမှာ Ayako sono က ၂၀၀၅ ခုနစ်အထိ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၅ ခုနစ်မှ ယခုအထိ သားဖြစ်သူ Yohei sasakawa က လက်ရှိ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ ငြိမ်းချမ်းရေးအကျိုးဆောင် အမည်ခံပြီး ဆာဆာကာဝါဟာ အဖေ့ခြေရာနင်းကာ နိုင်ငံရေးလောကအထိ ချုပ်ကိုင်နိုင်သူဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် Fumio kishida ဟာ Ryoichi Sasakawa ၊ အိုဒမတို့ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ကာ  Yohei sasakawa နဲ့ ပက်သက်ဆက်နွှယ်မှုရှိသူ ဖြစ်ပါတယ်။ 

ဆာဆာကာဝါ မိသားစုက နိပွန်ဖောင်ဒေးရှင်း အမည်ခံထားပေမယ့် ဂျပန်နိုင်ငံရေးကို ကစားနေတဲ့ CIA ဘက်တော်သားတစ်ဦးလို့ သတ်မှတ်ခံထားရသူဖြစ်သလို  မြန်မာ့ငြိမ်းချမ်းရေးကို ကူညီပေးမှုတွေက စီးပွားရေး အကျိုးအမြတ်များစွာ ပါဝင်နေကြောင်း ထင်ရှားနေပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံရုံမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိစပ်လာပြီး သေနတ်သံ မထွက်ရေး၊ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးတို့ကို အကောင်းဟန်ပြကာ စီးပွားရေး အကျိုးအမြတ်အရ စစ်အုပ်စုကို အကျိုးပြုနေတာက CIA ရဲ့ ပါဝင်ပတ်သက်မှု  ရှိနေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

နိုင်ငံကြီးတွေရဲ့ စီးပွားရေးအကျိုးအမြတ်အခြေခံကနေ စစ်အာဏာရှင် ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို အဆိပ်အတောက် ဖြစ်နေကြောင်း တော်လှန်ရေးသတိကြီးစွာ စစ်အာဏာရှင်ကျဆုံးရေးအတွက်သာ တစိုက်မတ်မတ် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အိုက်နီ(ဖြူး)

(အထက်ပါ ဆောင်းပါးတွင် ရေးသားဖော်ပြချက်များသည့် စာရေးသူ၏ သဘောထားအမြင်များသာ ဖြစ်သည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013