DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် မြို့နယ်ပညာရေးမှူးရုံး မီးလောင်
DVB
·
November 27, 2021
ကလေးမြို့တွင် မြို့နယ်ပညာရေးမှူးရုံး မီးလောင်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်နယ်မြေ ၇ ရှိ  မြို့နယ်ပညာရေးမှူးရုံးမှာ  နိုဝင်ဘာ ၂၇ ရက် ဒီနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်က  မီးလောင်ခဲ့ပါတယ်။

မီးလောင်မှုကို ကလေးခရိုင်မီးသတ်စခန်း၊ ကလေးမြို့နယ်မီးသတ်စခန်းနဲ့ တာဟန်နယ်မြေမီးသတ်စခန်းတွေက မီးသတ်ယာဉ် ၄ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး မနက် ၇ နာရီ ၄၇ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ မီးလောင်ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ လတ်တလော မသိရသေးပါဘူး။

အဆိုပါရုံးမှာ ဝန်ထမ်းတချို့ ရုံးမှာညအိပ် သောက်စားမူးယစ်လေ့ရှိပြီး အခု မီးလောင်မှုဟာလည်း ညအိပ်နေသူတွေရဲ့ ပေါ့ဆမီးကြောင့်ဖြစ်နိုင်တယ်လို့  မြို့ခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

Photo Credit-MFS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013