DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ခရိုင်အချို့တွင် ညမထွက်ရအမိန့် ဒီဇင်ဘာ ၁ ရက်မှ စတင်ရုပ်သိမ်းမည်
DVB
·
November 26, 2021
ထိုင်းနိုင်ငံ ခရိုင်အချို့တွင် ညမထွက်ရအမိန့် ဒီဇင်ဘာ ၁ ရက်မှ စတင်ရုပ်သိမ်းမည်
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုလျော့ချရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၁ ရက်နေ့ကစတင်ပြီး သတ်မှတ်ဇုန်နယ်မြေ  ခရိုင်တချို့မှာ စတင်ရုပ်သိမ်းမယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ကွပ်ကဲရေး ဗဟိုကော်မတီက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ညမထွက်ရအမိန့်ကို နယ်မြေ အခြေအနေအလိုက်ဖြေလျော့ပေးခဲ့ရာမှာ စက်တင်ဘာ ၂၁ ရက်က ည ၉ နာရီမှ မနက် ၄ နာရီထိ၊ အောက်တိုဘာ ၁ ရက်နေ့ ည ၁၀ နာရီမှ မနက် ၄ နာရီထိ၊  အောက်တိုဘာ ၁၄ ရက်က ည ၁၁ နာရီမှ မနက် ၃ နာရီထိ အဆင့်ဆင့်ဖြေလျော့ပေးခဲ့ပြီး  လာမယ့် ဒီဇင်ဘာ ၁ ရက်ကစလို့ ညမထွက်ရအမိန့် ရုပ်သိမ်းတော့မယ်လို့ ထိုင်းကိုဗစ်ထိန်းချုပ်ရေးကော်မတီ ပြောခွင့်ရ ဒေါက်တာ ထဝီးဆင် ဝိစနုယိုးထင်းက နိုဝင်ဘာ ၂၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒါပေမဲ့ အရေးပေါ်အခြေအနေထုတ်ပြန်ထားတာကိုတော့ မရုပ်သိမ်းပဲ လာမယ့် ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်နေ့အထိ အချိန် ၂ လတာ ထပ်မံတိုးမြှင့်လိုက်ပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလို့ အနီရင့်ရောင်ဇုန် ( အမြင့်ဆုံးထိန်းချုပ်ဇုန်) လို့ ကြေညာခဲ့တဲ့ ခရိုင် ၆ ခု (တာ့ခ်၊ နခွန်းဆီထမရတ်၊ နာရာသီဝပ်၊ ပတ္တနီ၊ ယလား၊ ဆုန်ခလာ) ကိုလည်း သုညဇုန်အဖြစ်သတ်မှတ်ပြီး ကူးစက်မှုလျော့ပါးတဲ့ အခြေအနေအလိုက် အနီရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင် စတဲ့ ဇုန်တွေကို လျော့ချသတ်မှတ်လိုက်ပါတယ်။

နိုင်ငံခြားခရီးသွားလည်ပတ်လို့ရတဲ့ အပြာရောင်ဇုန် ၄ ခရိုင်သာ သတ်မှတ်ထားရာမှာ နောက်ထပ် ၃ ခရိုင်တိုးပြီး စုစုပေါင်း ၇ ခရိုင်ထိ ရှိလာပါတယ်။ အဆိုပါ ခရိုင်တွေထက ဘန်ကောက်၊ နွန်ထပူရီ၊ ကရပီ၊ ကန်ကျနပူရီ၊ ပထုန်ဌာနီ၊ ဖန်င နဲ့ ဖူးကက်ခရိုင်တို့ ဖြစ်ပါတယ်။

အရက်ဘီယာဘားဆိုင်တွေလည်း လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး ည ၁၁ ရီထိ ဖွင့်ခွင့်ပြု မယ်လို့ ဒီကနေ့ သတင်းစာရှင်းပွဲမှာ ထည့်သွင်းပြောကြားပါတယ်။ 

ကိုးကား - https://www.matichon.co.th/politics/news_3059391

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013