DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာတချို့တွင် အင်တာနက်မရသဖြင့် အခက်အခဲကြုံတွေ့
DVB
·
November 26, 2021
ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာတချို့တွင် အင်တာနက်မရသဖြင့် အခက်အခဲကြုံတွေ့
Donate to DVB

ရခိုင်ပြည်နယ်  ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာတချို့မှာ အင်တာနက်မရတာကြောင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် လူမှု၊ စီးပွား၊ ကျန်းမာရေး စတာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့ကို အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်တာနက်လိုင်းမမိတာကြောင့် ရပ်ဝေးမှာသွားရောက်လုပ်ကိုင်နေကြတဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိနိုင်ဖို့ ဖုန်းလိုင်းမိတဲ့ ရွာပြင်လမ်းပေါ်ကိုထွက်ကာ ခက်ခက်ခဲခဲအသုံးပြုနေရတယ်လို့ ထိန်တွေကျေးရွာနေ ကိုစစ်အောင်က ပြောပါတယ်။

“အခုကိုဗစ်တွေ ဖြစ်နေတယ်ပေါ့၊ ရောဂါတွေဖြစ်နေတယ်၊ ဒါပေမဲ့ အင်တာနက်လိုင်းမရှိတော့ ကျနော်တို့က ဘယ်လိုလုပ်သိနိုင်မလဲ၊ မသိနိုင်ပါဘူး။ ဒါပေမဲ့ကြည့်တဲ့သူတွေကတော့ လိုင်းပေါ်ကပဲကြည့်ရတာလေ၊ ဘယ်ဟာတွေမှာဘယ်လိုဘယ်လို ဖြစ်နေတယ်၊ ဘယ်လိုဘယ်လိုဖြစ်သွားတယ်၊ ဒါပေမဲ့ လိုင်းမရှိတော့ အခက်အခဲရောက်တာပေါ့ဗျာ။ နောက်ပြီးတော့ ကိုယ်တွေမှာကမိသားစုတွေရှိတယ်လေ၊ နိုင်ငံခြားတွေမှာရော၊ ရန်ကုန်တွေမှာရော၊ သူတို့တွေကနေ ဖုန်းခေါ်မယ်၊ အကြောင်းကိစ္စတစ်ခုခုပေါ့နော်၊ အိမ်ကိုသတိရလို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးကိစ္စ တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဖုန်းခေါ်မယ်ဆိုရင်တောင်မှ ဖုန်းဘေထည့်ရတာနဲ့ဆိုရင် အဆင်မပြေဘူး၊ အင်တာနက်ရလို့ရှိရင် ပိုပြီးအဆင်ပြေတာပေါ့၊ အင်တာနက်မရဘူး ကျနော်တို့ရွာမှာ‌။ တာဝါတိုင်ကိုယ်တိုင်ကကိုမရှိတာ။” 

အခုလိုကျေးရွာတွေမှာ အင်တာနက်လိုင်းမရတာကြောင့် အမျိုးသမီးတွေအနေနဲ့ ဖုန်းလိုင်းမိတဲ့လမ်းပေါ်မှာ သွားရောက်အသုံးပြုရာမှာလည်း အခက်အခဲကြုံနေရတယ်လို့ ထိန်တွေကျေးရွာနေ မစုလဲ့ရည်အောင်က ပြောပါတယ်။

“အခက်အခဲကအများကြီးရှိပါတယ်။ မိန်းမတွေအုပ်စုလိုက် လိုင်းသုံးနေတဲ့အတွက်ကြောင့် လမ်းပေါ်မှာသုံးနေကြတာဆိုတော့ လမ်းမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သွားနေကြတဲ့ ယောကျ်ားလေးတွေကလေ ရယ်ချင်ကြတယ်ပေါ့၊ လှောင်ကြတယ်၊ အထင်သေးတဲ့သဘော၊ မျက်လုံးနဲ့ကြည့်ကြတာပေါ့၊ အဲဒီလိုမျိုးအခက်အခဲတွေ။ နောက်ပြီးရင် အိမ်ကလူတွေကလည်း ၈ နာရီဆိုရင် အိမ်ကိုပြန်ရောက်ရမယ် အဲဒီလိုမျိုး၊ အင်တာနက်လိုင်းက မကောင်းသေးဘူး အိမ်ကိုပြန်ရမဲ့အချိန်က ဖြစ်နေပြီ၊ အဲဒီလိုမျိုးအခက်အခဲတွေရှိတာပေါ့။”

ရမ်းဗြဲမြို့ကနေ လေးတောင်မြို့ကို သွားတဲ့လမ်းမှာရှိတဲ့ ထိန်တွေကျေးရွာအပါအဝင် ရွာကြီးကျေးရွာ၊ တဖက်ကျေးရွာ၊ ရှောက်ချောင်းကျေးရွာနဲ့ ထန်းပြိုင်ကျေးရွာစတဲ့ ကျေးရွာ ၅ ရွာမှာ ရွာထဲမှာ ဖုန်းလိုင်းမမိတာကြောင့် ရွာပြင်လမ်းမပေါ်က ဖုန်းလိုင်းမိတဲ့နေရာတွေမှာ အင်တာနက်လိုင်းကို ခက်ခက်ခဲခဲအသုံးပြုနေကြရတာကြောင့် ကျေးရွာနေဒေသခံတွေက တာဝါတိုင် ၁ ခု စိုက်ထူပေးဖို့ လိုလားနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013