DVB Logo
Home
မြန်မာသတင်း
တန့်ဆည်နှင့်မြောင်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 26, 2021
တန့်ဆည်နှင့်မြောင်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နဲ့ မြောင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ကင်းလှည့်ဆိုင်ကယ်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့ တရားရုံးအနီးမှာ နိုဝင်ဘာ ၂၆ ရက် မနက် ၈ နာရီလောက် ဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့ စစ်တပ်ကို တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မိုင်းခွဲတိုက်ခိုက်တာဗျ။ ရှေ့ဆုံးကတက်လာတဲ့ နှစ်စီးကို မြို့နယ်တရားရုံးရှေ့အရောက် အမိအရ ခွဲလိုက်တာ ၃ ယောက်ကတော့ ကျသွားတာပဲ။ ဆိုင်ကယ်နှစ်စီးလည်း ပျက်စီးသွားတယ်။” 

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့လို့ အပြစ်မဲ့ပြည်သူတစ်ဦး ပေါင်ကိုသေနတ်မှန် (မစိုးရိမ်ရ) သွားတယ်လို့သိရပြီး မြို့မဈေးကြီးကိုလည်း စစ်ကောင်စီက ချက်ချင်းပိတ်ခိုင်းနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း တန့်ဆည်မြို့နယ် တရားရုံးနဲ့ ပညာရေးမှူးရုံးအနီးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီကျော်လောက်ကလည်း မြောင်မြို့နယ်၊ နဘတ်ကျေးရွာနဲ့ ဆွဲလဲအိုကျေးရွာကြား ခြေလျင်ဖြန့်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြောင်ပြည်သူကာကွယ်ရေးတပ်ရဲ့ ဗိုလ်သမန်းကျားက “ကျနော်တို့ နဘတ်ကျေးရွာနဲ့ ဆွဲလဲအိုကျေးရွာကြားမှာ ခြေလျင်ဖြန့်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပထမ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က ၆ ဦး သေတယ်၊ ၃ ဦး ဒဏ်ရာရသွားတယ်။ ဒုတိယအကြိမ်ကတော့ ပထမအကြိမ်မိုင်းဆွဲခံရလို့ သေခဲ့တဲ့ အလောင်းကို လာသယ်တဲ့ စစ်ကား ၂ စီးကို ကျနော်တို့ ထပ်မိုင်းဆွဲခဲ့တယ်။ အဲဒီအကြိမ်မှာလည်း ၁ ဦး‌ထပ်သေတယ်။ ၄ ဦး ဒဏ်ရာ ထပ်ရသွားတာတွေရှိတယ်” လို့ ပြောပါတယ်။

ပထမအကြိမ်တိုက်ခိုက်မှုမှာ ပြည်သူတပ်မတော်(မြောင်)-MUA၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM၊ အမျိုးသမီး ပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)-M2W နဲ့ Myaung Special People’s Defense Force- MSPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒုတိယအကြိမ် တိုက်ခိုက်မှုကိုတော့ CDSOM နဲ့ Zamani Revolution Force/MMU Myaung တို့ ပွဲဦးထွက် မဟာမိတ်စစ်ဆင်ရေးအဖြစ် ပူးပေါင်းပြီးတိုက်ခိုက်ခဲကြတာဖြစ်ပြီး ပြည်သူ့ရဲဘော် တဦးတယောက်မျှ ကျဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းမရှိဘူးလို့ သိရပါတယ်။

တန့်ဆည်မြို့နဲ့ မြောင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013