DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသူ ၂ ဦးအား ထိုးကြိတ်ခဲ့သည့် လုံခြုံရေးများနှင့်ပတ်သက်ပြီး တာဝန်ခံမှုတိုးမြှင့်သွားမည်ဟု မြန်မာပလာဇာထုတ်ပြန်
DVB
·
November 26, 2021
ဆန္ဒပြသူ ၂ ဦးအား ထိုးကြိတ်ခဲ့သည့် လုံခြုံရေးများနှင့်ပတ်သက်ပြီး တာဝန်ခံမှုတိုးမြှင့်သွားမည်ဟု မြန်မာပလာဇာထုတ်ပြန်
Donate to DVB


ဆန္ဒပြလူငယ် ၂ ယောက်ကို လုံခြုံရေးဝန်ထမ်းတွေက ထိုးကြိတ်ဖမ်းဆီးခဲ့ကြတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တာဝန်ခံမှုတွေကို တိုးမြှင့်သွားမယ်လို့ မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့က နိုဝင်ဘာ ၂၅ ရက်နေ့မှာ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ လူငယ်တွေက မြန်မာပလာဇာမှာ သပိတ်ပြုလုပ်နေချိန်မှာ ဆန္ဒပြလူငယ် ၂ ယောက်ကို ပလာဇာလုံခြုံ ရေးဝန်ထမ်းတွေက ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့ကြပြီးနောက်မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့တာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေက စစ်ကောင်စီအလိုကျ ဆန္ဒပြလူငယ်တွေကို ခုလိုဖမ်းဆီးတဲ့အပေါ် ရှုတ်ချပြီး ပြည်သူတွေ အနေနဲ့ မြန်မာပလာဇာကို Social Punishment လုပ်ကြဖို့ တောင်းဆိုထားကြပါတယ်။
မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့ကတော့ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အပြည့်အဝလက်ခံထားပြီး အဲဒီလိုပြုမူဆောင်ရွက်တာတွေအပေါ် တားဆီးပိတ်ပင်တဲ့ မူဝါဒတွေ အလျဉ်းမရှိကြောင်းနဲ့ ဒီဖြစ်စဉ်မှာ မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေဟာ အေးချမ်းစွာပြုမူပြောဆိုဆောင်ရွက်ရမယ့်အစား မသင့်တော်လွဲမှားစွာ ပြုမူဆောင် ရွက်ခဲ့တာကို သိရှိရတဲ့အတွက် အထူးပင်စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ မြန်မာပလာဇာထဲမှာ ဖွင့်လှစ်ထားတဲ့ လူသုံးကုန်၊ ဖက်ရှင်၊ စားသောက် ကုန်စတဲ့ ဆိုင်တချို့က စတင်ပြီးတော့ ပိတ်ထားမယ့်အကြောင်း အသိပေးချက်တွေ အသီးသီးထုတ် ပြန်နေကြတာကို တွေ့ရပါတယ်။
မြန်မာပလာဇာဟာ ဗီယက်နမ်နိုင်ငံအခြေစိုက် Hoang Anh Gia Lai (HAGL)ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပါဝင်တဲ့ မြန်မာစင်တာရဲ့ အစိတ်အပိုင်းတခု ဖြစ်ပြီး ပြီး ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကာ ရန်ကုန်မြို့ရဲ့ အကြီးဆုံး ဈေးဝယ်စင်တာတခုအနေနဲ့ လူသိများပါတယ်။
မြန်မာစင်တာကိုတော့ ကမ္ဘာအေးဘုရားလမ်းပေါ်က ယခင်စက်မှု(၁) ဝန်ကြီးဌာနပိုင် မြေ နေရာပေါ်မှာ ဒေါ်လာသန်း ၄၄၀ အကုန်အကျခံ တည်ဆောက်ထားခဲ့ပြီး အဆင့်မြင့် လူ နေတိုက်ခန်းတွေ၊ ဈေးဝယ်စင်တာ၊ ရုံးခန်းတွေ၊ ဟိုတယ်တွေစတာတွေ ပါဝင်တဲ့ စီမံကိန်းအနေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013