DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး
DVB
·
November 25, 2021
သထုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် ဒီမနက် ၁၁ နာရီလောက်က ကေအန်ယူ လက်အောက်ခံ KNLA တပ်မဟာ ၁၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဓားရိုးကျေးရွာနဲ့ ညာဓဝယ်ကျေးရွာအနီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၅ ယောက်ပါ အဖွဲ့နဲ့ KNLA တပ်မဟာ ၁ တပ်ရင်း ၂၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့(TPG) မဟာမိတ် ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး KNLA နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က အထိအခိုက်မရှိဘဲ ဆုတ်ခွာခဲ့တယ်လို့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)က ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၁ အတွင်းရေးမှူး ပဒိုစောစိုးမြင့်က နှစ်ဘက် စစ်ရေးလှုပ်ရှားမှု လုပ်နေတဲ့အချိန်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်ကြီး အဆင့် ၁ ယောက်နဲ့ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ နဲ့ ဒေသခံ PDF မဟာမိတ်ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလည်း သထုံမြို့နယ် ထုံးဘိုကြီးနဲ့ ထုံးဘိုလေးကျေးရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013