DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ Super Coffee ရုံးတွင် ဓားပြတိုက်ခံရပြီး မန်နေဂျာ ပစ်သတ်ခံရ
DVB
·
November 25, 2021
မိုးကုတ်မြို့ Super Coffee ရုံးတွင် ဓားပြတိုက်ခံရပြီး မန်နေဂျာ ပစ်သတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ခါတော်မှီရပ်ကွက်ရှိ  Super ကော်ဖီမစ်ဖြန့်ဖြူးရေးရုံးကို နိုဝင်ဘာ ၂၅ ရက် ဒီမနက်ပိုင်း ၉ နာရီလောက်က သေနတ်သမားတွေကဝင်စီးပြီး မန်နေဂျာကို ပစ်သတ်ကာ  ငွေကျပ် သိန်းရာဂဏန်း  ယူသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

အမည်မသိ သေနတ်သမား  ၆ ဦးက Super Coffee ရုံးထဲကို ဝင်လာပြီးနောက် ဆာလာအိတ်ထဲ ဝှက်လာတဲ့ သေနတ်တွေထုတ်ပြီး မန်နေဂျာကို ပစ်သွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

" လူ ၆ ယောက်ဝင်လာတယ်။ အထဲမှာရှိတဲ့လူတွေအကုန်လုံး ဒူးထောက်လက်မြှောက်ခိုင်းတယ်။ နင်တို့ကိုမပစ်ဘူး ကြောက်စရာမလိုဘူးလို့ပြောတယ်။ သူတို့ဝင်လာချိန်မှာ မန်နေဂျာက မျက်နှာသစ်နေတာ။  မန်နေဂျာကို  သေနတ်နဲ့  ၅ ချက်ပစ်သွားတယ်" လို့ မြို့ခံတစ်ဦး ကပြောပါတယ်။

မန်နေဂျာက ရင်ဘတ်ကို သေနတ်နဲ့ ပစ်ခံရတဲ့ ဒဏ်ရာကြောင့် ဆေးရုံ ရောက်တော့အသက်ပါမလာတော့ဘူးလို့လည်း  ဆိုပါတယ်။ 

ရုံးထဲမှာလူတွေ အများကြီးရှိနေချိန် သေနတ်သမားတွေက ဂိုဒေါင်မှူးကို ပိုက်ဆံတွေ ယူခိုင်းတဲ့အပြင်   ရုံးက Laptop ကွန်ပြူတာတွေကိုပါ သိမ်းဆည်းသွားပြီး ရုံးငွေပမာဏ သိန်းရာဂဏန်းလောက်ထိပါသွားတယ်လို့ သိရပါတယ်။

အဆိုပါရုံးက စူပါကော်ဖီမစ်တွေဖြန့်ဖြူးတဲ့အပြင် ပစ္စည်းအမျိုးပေါင်း ၃၀၀ နီးပါးကို ဖြန့်ဖြူးနေတဲ့ရုံးဖြစ်ပါပါတယ်။

အဆိုပါ လုယက်ပစ်ခတ်မှုကို ဘယ်အဖွဲ့ ဘယ်သူတွေက ကျူးလွန်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ 

မိုးကုတ်မြို့အနီးက လူပြတ်တဲ့နေရာတွေနဲ့ တချို့နေအိမ်တွေမှာ ဓားပြတိုက်ခံနေရပြီး အသက် အန္တရာယ်ပေးမှာကြောက်လို့  တိတ်ဆိတ်စွာနေ နေကြရတယ်လို့ မြို့ခံတွေက  ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013