DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်က အခြေခံပညာကျောင်းအချို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ရှိနေ
DVB
·
November 25, 2021
ကချင်ပြည်နယ်က အခြေခံပညာကျောင်းအချို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ရှိနေ
Donate to DVB

ကချင်ပြည်နယ် မြို့နယ်အချို့ရှိ အခြေခံပညာကျောင်းတွေက  ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့၊ တနိုင်းမြို့နဲ့ ဝိုင်းမော်မြို့တွေက အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာမတွေဆီမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"တနိုင်း အထက ၁ မှာ အလယ်တန်းပြ ဆရာမတစ်ဦးရယ်၊ ကျောင်းသားသုံးဦးရယ်၊ တွေ့တယ်။ ဝိုင်းမော် အထက ၁ မှာလည်း ဆဋ္ဌမတန်းကျောင်းသားတစ်ဦးနဲ့ မြစ်ကြီးနား အထက ၁ မှာ ဆရာမ တစ်ယောက်ရယ်၊ ကျောင်းသား သုံးဦးရယ်  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရတယ်။ ဒါ ဒီရက်ပိုင်းအတွင်း စစ်တာ" လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ အခြေခံပညာ အထက်တန်း ကျောင်းတွေဟာ ကျန်းမာရေးဌာနက စစ်ဆေးပေးခဲ့ပြီးဖြစ်ပေမယ့် ရောဂါကူးစက်ခံရသူတေါ တွေ့ရှိရတာဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံရသူတွေကို အချို့မြို့နယ်တွေက ဆေးရုံမှာ ကုသပေးနေပြီး အချို့ မြို့နယ်တွေမှာတော့ Home Quaratatine ထားရှိပေးထားကာ စာသင်ကျောင်းပိတ်ဖို့ အစီအစဉ်မရှိကြောင်း ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်တဲ့ အချိန်ကစတင်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့ထိ သေဆုံးသူ ၈၈၀ ကျော်နဲ့ ရောဂါကူးစက်ခံရသူ နှစ်သောင်းတစ်ထောင်ကျော် ရှိပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၁၉,၇၃၁ ယောက်နဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၉,၀၄၉ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013