DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၁၈ မြို့နယ်တွင် ယနေ့နံနက် လျှပ်စစ်မီးပြတ်မည်
DVB
·
November 25, 2021
ရန်ကုန်တိုင်း ၁၈ မြို့နယ်တွင် ယနေ့နံနက် လျှပ်စစ်မီးပြတ်မည်
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၁၈ မြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်း လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ယာယီပြတ်တောက်နိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးချက် ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်တာ၊ ဓာတ်အားလိုင်းနဲ့ ထိစပ်နေတဲ့  သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတာ၊ ဓာတ်အားလိုင်းအသစ် တည် ဆောက်ရေးလုပ်ငန်းတွေကို မနက် ၉ နာရီကနေ ၁၂ နာရီထိ ဆောင်ရွက်သွားမှာလို့ ဆိုပါတယ်။

အဲဒီလို လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်းမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သာကေတ၊  ပုဇွန်တောင်၊  ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လသာ၊ ကမာရွတ်၊   လမ်းမတော်၊ ဒဂုံ၊ ဗဟန်း၊   လှိုင်၊   မရမ်းကုန်း၊   အလုံ၊   သန်လျင်၊  ထောက်ကြန့်၊  လှည်း ကူး၊ ထန်းတပင်  မြို့နယ်တွေထဲက နေရာတချို့မှာ  အချိန်ပိုင်း ယာယီဓာတ်အားပြတ် တောက်မှု အနည်းငယ် ရှိနိုင်မှာဖြစ်ပြီး အရေးကြီးနေရာတွေ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကိုလည်း အလေးထားစီစဉ် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ နိုဝင်ဘာ တတိယအပတ်လောက်ကစတင်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီး မကြာခဏပြတ်တောက်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေက စစ်ကောင်စီယန္တရားတွေ မလည်ပတ်နိုင်အောင် မီတာခအပါအဝင် အခွန်အခတွေမပေးဆောင်ဘဲ  သပိတ်မှောက်နေကြပါတယ်။

စစ်ကောင်စီကတော့ ရန်ကုန်မြို့မှာ မီတာခပေးဆောင်ဖို့ ရပ်ကွက်တွေထဲအထိ လက်နက်ကိုင်တပ်တွေနဲ့အတူ လိုက်လံခြိမ်းခြောက် အဓမ္မတောင်းခံတာတွေ  ပြုလုပ်ခဲ့တာတွေ ရှိသလို မီတာခမဆောင်တဲ့အိမ်တွေကို ချက်ချင်းမီးကြိုးတွေ ဖြတ်တောက်တာတွေထိ လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူတွေကတော့ မီတာခ မပေးဆောင်ခဲ့ကြပါဘူး။

အခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါကပ်ဘေးအပြင်၊ အာဏာသိမ်းစစ်အုပ်စုရဲ့ အဆင် အခြင်မဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေ နေ့စဉ်နဲ့အမျှ စိတ်ရောကိုယ်ပါ အတိဒုက္ခ ရောက်နေကြရတဲ့အပြင်  လူမှုစီးပွားဘ၀များ မကြံစဖူး ထူးကဲစွာ အကြပ်အတည်း ရင် ဆိုင်နေရတဲ့ကာလ ဖြစ်နေတာကြောင့် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှုအတွက် ဓာတ်အားခကျသင့်ငွေ နဲ့ မီတာဝန်ဆောင်ခတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ ခြွင်းချက်မရှိ အလုံးစုံ ကင်းလွတ်ခွင့်(အခမဲ့) ပြုလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013