DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသူ ကျောင်းသားများ၏ ပညာရေးကို အာမခံချက်ပေးရန် NUG ကို တောင်းဆို
DVB
·
November 24, 2021
သပိတ်မှောက်ကျောင်းသူ ကျောင်းသားများ၏ ပညာရေးကို အာမခံချက်ပေးရန် NUG ကို တောင်းဆို
Donate to DVB

သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေးကို အာမခံတဲ့ ကြားကာလ ပညာရေး မူဝါဒနဲ့ အစီအမံတွေ ချမှတ်ပေးဖို့နဲ့ အနာဂတ်ပညာရေးစနစ်မှာ တက္ကသိုလ်တွေရဲ့ ကိုယ်တိုင်စီမံ အုပ်ချုပ်ပိုင်ခွင့်တွေကို အပြည့်အဝအာမခံပေးဖို့ စတာတွေကို ဆေးနဲ့ ဆေးနှီးနွှယ်ကျောင်းသား သမဂ္ဂများအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီ တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကြားကာလပညာရေးစနစ်၊ အနာဂတ်ပညာရေးစနစ်တို့အတွက် လုပ်ငန်းဖော်ဆောင်တာမှာ နှောင့်နှေးနေတာ၊ အဆင့်မြင့်ပညာ ကဏ္ဍက သပိတ်မှောက်ကျောင်းသားတွေရဲ့ ပညာရေးအပေါ်  အာမခံချက်ပြည့်တဲ့ ထုတ်ပြန်ကြေညာတာတွေ မရှိသေးတာကြောင့် အကြံပြချက်တွေ ပေးပို့တာလို့ ဆိုပါတယ်။

အခုအခါ စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေဟာ သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်တွေရဲ့ ပုံမှတ်သင်တန်းတွေနဲ့ နောက်ဆက်တွဲသင်တန်းတွေကို ပြန်ဖွင့်ပြီး စစ်ကျွန်ပညာရေးကို ပြန်အသက်သွင်းဖို့ ကြိုးပမ်းနေတယ်လို့ ဆိုတယ်။

ဒီအခြေအနေမှာ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ အားကောင်းတဲ့ စင်ပြိုင်အဖွဲ့အစည်းတွေ၊ ပုံစံတွေ တည်ဆောက်နိုင်တာဟာ တော်လှန်ရေးရဲ့ အရေးပါတဲ့ ကဏ္ဍတရပ်ဖြစ်တယ်လို့ ယူဆကြောင်း ဆေးနဲ့ ဆေးနှီးနွယ်ကျောင်းသားသမဂ္ဂများအဖွဲ့က တောင်းဆို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကြောင့် ပညာသင်ခွင့် ဆုံးရှုံးနေခဲ့တဲ့ ကျောင်းသားတွေဟာ . ပညာသင်ခွင့်တွေကို ထပ်မံရင်းနှီးပြီး မတရားမှုကို ဆန့်ကျင်လိုတဲ့စိတ်နဲ့ တော်လှန်နေကြပေမဲ့ စစ်ကောင်စီက ကျောင်းတွေ သင်တန်းတွေ ပြန်ဖွင့်ဖို့ ကြိုးပမ်းတာဟာ သပိတ်မှောက်ကျောင်းသားတွေအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးနဲ့ ပတ်သက်တဲ့အခြေအနေတွေကို ပြန်သုံးသပ်ပြီး အချိန်နဲ့တပြေးညီ ဖြေရှင်းဖို့ ဆောင်ရွက်သင့်တယ်လို့ သူတို့က အကြံပြုထားပါတယ်။

စစ်ကျွန်ပညာရေးကို တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ပေါ်ထွန်းလာရေးဟာ တော်လှန်ရေးရဲ့ ရည်မှန်းချက်တရပ်ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

ကြားကာလ . ပညာရေးစနစ်ကို အကောင်အထည်ဖော်ရာမှာ လွတ်လပ်တဲ့ ပညာရေးစနစ် အသွင်နဲ့ နိုင်ငံတဝန်းဖွဲ့စည်းထားတဲ့ ယာယီတက္ကသိုလ်ကောင်စီတွေ၊ ပညာရေးအစုအဖွဲ့တွေပါဝင်သင့်တဲ့ ကဏ္ဍကို အခုထက် ပို မြှင့်တင်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို ဧပြီ ၄ ရက်နေ့က အနာဂတ်ပညာရေး ကတိပြုလွှာပေးပို့တောင်းဆိုခဲ့ပြီး ပညာရေးဝန်ကြီးက နှုတ်ကတိစကားခံတာကြောင့် နိုင်ငံတဝန်း ကြားကာလယာယီတက္ကသိုလ်ကောင်စီတွေ ပေါ်ထွက်လာခဲ့ပြီး နည်းဥပဒေ မူဘောင်တွေ၊ မူဝါဒတွေ တရားဝင်ချမှတ်ပြီး အာမခံချက်ပေးဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်ကစပြီး အခြေခံပညာစာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ် သင်ကြားနေကာ တက္ကသိုလ်တွေ ဆက်လက်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး စာမေးပွဲတွေလည်း ကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013