DVB Logo
Home
မြန်မာသတင်း
တန့်ဆည်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်အင်အားထပ်မံတိုးချလာ
DVB
·
November 24, 2021
တန့်ဆည်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်အင်အားထပ်မံတိုးချလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းမှာ နိုဝင်ဘာလ ၁၇ ရက်က စပြီး အကြမ်းဖက်စစ်တပ်က အဆမတန် စစ်အင်အားတိုးချဲ့တာတွေပြုလုပ်နေပြီး နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဗျူဟာမှူးအပါအဝင် စစ်အင်အား ထပ်မံတိုးချဲ့လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“ကျနော်တို့ ဘေးလွတ်ရာကိုရှောင်နေကြရတယ်။ လက်နက်ကြီးနဲ့လဲထုတော့ ဘယ်ပြေးလို့ပြေးရမှန်းမသိတော့ဘူး။ ဆောင်းရာသီဆိုတော့ အခက်အခဲတွေ အများကြီးရှိပြန်တယ်။ အင်အားသုံးတာများလွန်းပြီးတော့ ပြည်သူကို သပ်သပ်ညှဉ်းဆဲနေတာပဲဗျ” လို့ ကံထူးမ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်ပိုင်းမှာပဲ ကံထူးမ ဘောလုံးကွင်းထဲကို ဗျုဟာမှူးတစ်ဦးအပါအဝင် လက်နက်၊ ရိက္ခာနဲ့ စစ်အင်အားတွေကို ရဟတ်ယာဉ်နဲ့လာပို့ခဲ့ကာ ကံထူးမရွာအနီးမှာပင် စစ်အင်အား ၁၅၀ ထက်မနည်းရှိနေပြီး၊ လိပ်ခြံ‌အနီးမှာ ၇၀ ကျော်၊ ရေရှင်အနောက်မှာ ၁၀၀ ခန့်နဲ့ ကပေါင်းကျရွာမှာ ၁၀၀၊ စိန်းနန်းရွာအနီးမှာ ၁၀၀ ခန့် စုစုပေါင်း စစ်အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ် ယူဆရတယ်လို့ ဒေသခံ PDF တွေကဆိုပါတယ်။

တန့်ဆည်မြို့နယ်အတွင်းက ကပေါင်းကျ၊ လိပ်ခြံ၊ ကျီကုန်း၊ စင်းသင်း၊ နွားကူး၊ တောင်ကျောင်း၊ ပန်းကာ၊ စိန်ကျေးကူ၊ ခေါင်ယာ၊ မုန်တိုင်ကျင်း၊ ရေရှင် စတဲ့ကျေးရွာတွေဟာ စစ်ရှောင်နေကြရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ လေးဖက်လေးတန် ဝန်းရံကာ စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြဖို့နဲ့ အရေးပေါ်ဆေးဝါး၊ စားနပ်ရိက္ခာတွေပြင်ဆင်ထားဖို့  ပြည်သူ့ကာကွယ်ရေးအဖွဲ့(Taze)က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013