DVB Logo
Home
မြန်မာသတင်း
ရေကူးဝတ်စုံဖြင့် အကောင်းဆုံး Miss Grand အလှမယ် ၁၀ ဦးထဲ မြန်မာအလှမယ် ပါဝင်
DVB
·
November 24, 2021
ရေကူးဝတ်စုံဖြင့် အကောင်းဆုံး Miss Grand အလှမယ် ၁၀ ဦးထဲ မြန်မာအလှမယ် ပါဝင်
Donate to DVB

၂၀၂၁ ခုနှစ် Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် အမရာရွှန်းလဲ့က ဝင်ရောက်ယှဉ်ပြိုင်နေပြီး Best in Swimsuit အလှမယ် ၁၀ ဦးထဲမှာ ပါဝင်နေပါတယ်။

ရေကူးဝတ်စုံနဲ့ အလှတရားတွေ ဖော်ကျူးပြသရတဲ့ ဒီအဆင့်မှာတော့ အလှမယ် အမရာ ရွှန်းလဲ့နဲ့အတူ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဂွါတီမာလာ၊ ဖိလစ်ပိုင်၊ ဘိုလီးဗီး ယား၊ ပါရာဂွေး၊ မက္ကဆီကိုနဲ့ နီဂရာဂွါးအလှမယ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကိုတော့ လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားဖို့ ကြေ ညာထားခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် Miss Grand International ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ အလှမယ် ဟန်လေးက ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ် ပါတယ်။

Miss Grand International အလှမယ်ပြိုင်ပွဲကိုတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံတွေက အလှမယ်တွေလည်း ဝင်ရောက်ယှဉ် ပြိုင်နေကြတာ ဖြစ်ပါတယ်။

အရင်က ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ထားထက်ထက်၊ အမ်ဂျာဆိုင်း၊ စံထိပ်ထားလင်း၊ နန္ဒာလွင်၊ အေးချမ်းမိုး၊ ဆုမြတ်ဖူး၊ မွှေးသက်တို့က ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013