DVB Logo
Home
မြန်မာသတင်း
Miss Grand International ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအလှမယ် အမရာရွှန်းလဲ့ ထိုင်းသို့ ထွက်ခွာ
DVB
·
November 16, 2021
Miss Grand International ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအလှမယ် အမရာရွှန်းလဲ့ ထိုင်းသို့ ထွက်ခွာ
1 / 2
Donate to DVB

၂၀၂၁ ခုနှစ် Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အလှမယ် အမရာရွှန်းလဲ့ဟာ နိုဝင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားဖို့ ကြေညာထားခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် Miss Grand International ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ အလှမယ် ဟန်လေးက ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

Miss Grand International အလှမယ်ပြိုင်ပွဲကိုတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံတွေက အလှမယ်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

အရင်က ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ထားထက်ထက်၊ အေးချမ်းမိုး၊ ဆုမြတ်ဖူး၊ မွှေးသက်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013