DVB Logo
Home
မြန်မာသတင်း
Miss Grand အလှမယ်ပြိုင်ပွဲတွင် အမရာရွှန်းလဲ့က “မြန်မာ့နှလုံးသား”ဝတ်စုံဖြင့် ယှဉ်ပြိုင်(ရုပ်သံ)
DVB
·
December 1, 2021
Miss Grand အလှမယ်ပြိုင်ပွဲတွင် အမရာရွှန်းလဲ့က “မြန်မာ့နှလုံးသား”ဝတ်စုံဖြင့် ယှဉ်ပြိုင်(ရုပ်သံ)
1 / 7
Donate to DVB

လက်ရှိကျင်းပနေတဲ့ Miss Grand International အလှမယ်ပြိုင်ပွဲရဲ့ အမျိုးသားဝတ်စုံ National Costume ပြိုင်ပွဲမှာ မြန်မာအလှမယ် အမရာရွှန်းလဲ့က “မြန်မာ့နှလုံးသား”လို့ အမည်ပေးထားတဲ့ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီဝတ်စုံကိုတော့ ကျော်စွာ(Designer Runway)က ဖန်တီးပေးထားတာဖြစ်ပြီး တကမ္ဘာ လုံးကသိကြတဲ့ မြန်မာတို့ရဲ့ အထင်ကရအမှတ်အသားဖြစ်တဲ့ ပုဂံမှာ ထင်ရှားတဲ့ ယွန်းထည်တွေကို inspire ယူထားပြီး ကြိမ်တွေနဲ့အသေးစိတ်ချုပ်လုပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေးယခင်မြန်မာတို့အသုံးပြုကြတဲ့ ပင်နီ၊ ပင်ဝါရောင်တွေကို အခြေခံပြီး လက်မှုပညာနဲ့ ရိုးရာ အမွေအနှစ်တွေကို တန်ဖိုးထားတတ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်က အလှမယ်တွေ ပါဝင်ကြတဲ့ ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကိုတော့ လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားဖို့ ကြေညာထားခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် Miss Grand International ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် ဟန်လေးက ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

Miss Grand International အလှမယ်ပြိုင်ပွဲကိုတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံတွေက အလှမယ်တွေလည်း ဝင်ရောက်ယှဉ် ပြိုင်နေကြတာ ဖြစ်ပါတယ်။

အရင်က ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ထားထက်ထက်၊ အမ်ဂျာဆိုင်း၊ စံထိပ်ထားလင်း၊ နန္ဒာလွင်၊ အေးချမ်းမိုး၊ ဆုမြတ်ဖူး၊ မွှေးသက်တို့က ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြဖူးပြီး ထားထက်ထက်နဲ့ မနှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဟန်လေးတို့ဟာ Top 20 အဆင့်ထိ ပါဝင်ခဲ့ကြဖူးပါတယ်။

Photo/Video - Missosology Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013