DVB Logo
Home
Lead Story
Miss Grand Myanmar ပြိုင်ပွဲစီစဥ်သူနှင့် အလှမယ်အပါအဝင် ၄ ဦးကို အရေးယူထား
DVB
·
May 6, 2026
Photo: Miss Grand Myanm ar Organization
Photo: Miss Grand Myanm ar Organization
Donate to DVB

Miss Grand Myanmar ပြိုင်ပွဲမှာ သီလရှင်ဝတ်စုံနဲ့ အလှမယ်တယောက် ဝင်ပြိုင်တဲ့ကိစ္စ ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက် ပွဲစီစဥ်သူ၊ ပွဲတာဝန်ခံ၊ ဒါရိုက်တာနဲ့ အလှမယ်တို့ကို ကျောက်တံတားခရိုင်မှာ ဘာသာ သာသနာညှိုနွမ်းစေမှု   ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ အုပ်ချုပ်ရေးကနေ သိရပါတယ်။

ရန်ကုန်မြို့ The Eravati Sule Grand Yangon ဟိုတယ်မှာ မေ ၄ ရက်က ပြုလုပ်ခဲ့တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်တဲ့အပြင် သာသနာညှိုးနွမ်းစေတဲ့ လုပ်ရပ်တွေကြောင့် ကျောက်တံတားခရိုင်က အမှုဖွင့်တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ပွဲစီစဥ်သူနဲ့ ပွဲတာဝန်ခံ  ၂ ယောက်ကို ရပ်ကျေးဥပဒေ ပုဒ်မ ၂၆ ရယ်၊ သာသနာညှိုးနွမ်းဥပဒေ ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ထားတယ်။ အလှမယ်နဲ့ City ဒါရိုက်တာ  နှစ်ယောက်ကို ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ထားတယ်။ ဟိုတယ်လုံခြုံရေးတာဝန်ခံကိုတော့ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းထားတယ်”လို့ ပြောပါတယ်။

မေ ၅ ရက် မနက်က သီလရှင်ပုံစံနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ်နဲ့အတူ ပြိုင်ပွဲကျင်းပရေးနဲ့ ဆက်စပ်သူအားလုံးကို အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ သာသနာရေးဝန်ကြီးက တင်ပြခဲ့တာကြောင့် အရေးယူရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

လတ်တလောမှာ ကျောက်တံတားမြို့မရဲစခန်းမှာ ပွဲစီစဥ်သူ မရမ်ဆိုင်းနော်နဲ့ ပွဲဖြစ်မြောက်ရေး တာဝန်ခံ မရမ်လုလုအောင်တို့ကို ပုဒ်မ ၂၆၊ ပုဒ်မ ၂၉၅ (က)၊ တာချီလိတ် အလှမယ် အိမွန်လွင်နဲ့ City Director သန့်ဇင်ဦးတို့ကို ပုဒ်မ ၂၉၅ (က) အမှုဖွင့်ထားပါတယ်။

မေ ၄ ရက်က ပြုလုပ်ခဲ့တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ တာချီလိတ် အလှမယ်က သီလရှင်ဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

သီလရှင်ဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့တဲ့ အလှမယ် အိမွန်လွင်ကို မြန်မာပြည် လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာရောက်တာ စတဲ့ ပြိုင်ပွဲစည်းကမ်းချိုးဖောက်တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ကြောင်း Miss Grand Myanmar Organization အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013