DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို စစ်ကောင်စီက အဂတိမှုဖြင့် စွပ်စွဲအမှုဖွင့်
DVB
·
November 24, 2021
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို စစ်ကောင်စီက အဂတိမှုဖြင့် စွပ်စွဲအမှုဖွင့်
Donate to DVB

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို အဂတိမှုနဲ့ စွပ်စွဲပြီး အမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတယ်လို့   စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြေညာပါတယ်။

ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းဟာ တာဝန်ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ ပေါ်ရှိ မြေနေရာအား ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုသို့ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်ပါ တင်ဒါ လုပ်ထုံးလုပ်နည်းနဲ့အညီ လိုက်နာဆောင်ရွက်မှု မရှိဘူးလို့ စွပ်စွဲထားပါတယ်။ 

အဆိုပါမြေနေရာရဲ့ ကာလပေါက်ဈေးအရ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၀ နဲ့ ၁၅ ဒေါ်လာကြားရှိသော်လည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုနဲ့ စာချုပ် ချုပ်ဆိုငှားရမ်းရာမှာ တစ်စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဒေါ်လာ နှုန်းနဲ့ တစ်နှစ်စာမြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်ကိုသာ ပေးသွင်းစေခဲ့လို့  တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တွင်း မြေငှားရမ်းမှုတွေမှာ ငှားရမ်းတဲ့ ကုမ္ပဏီတွေက မြေအသုံးချမှုပရီမီယံကြေး တစ်ဧကလျှင် အနိမ့်ဆုံးနှုန်းထား အမေရိကန် ဒေါ်လာ ၁ သန်းရှိပေမဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနပိုင် မြေ ၉ ဒသမ ၂၂ ဧကကိုငှားရမ်းရမှာ မြေအသုံးချမှုပရီမီယံကြေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်သာ ပေးသွင်းစေခဲ့လို့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ  နိုဝင်ဘာ ၂၃ ရက်နေ့စွဲနဲ့ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ အဆိုပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး  ဦးသောင်းထွန်းဘက်က ချေပပြောဆိုခွင့် မရသေးပါဘူး။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်  ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ၊  ပြည်ထောင်စုဝန်ကြီးတွေ ကို ဖမ်းဆီးပြီး အဂတိမှုစွဲချက်တွေအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲနေတာဖြစ်ပြီး   အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတော့ တခုမှ ပြနိုင်တာ မရှိသေးပါဘူး။ 

Photo- MIFER

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013