DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ လောင်းပြိုင် အသတ်ခံရ
DVB
·
November 24, 2021
ဒီပဲယင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ လောင်းပြိုင် အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သာယာအေးကျေးရွာမှာ နိုဝင်ဘာလ ၂၃ ရက်နေ့  မနက် ၃ နာရီလောက်က မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် မိသားစုဝင် ၅ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တကယ်တမ်းကတော့ အသတ်ခံရတဲ့မိသားစုက ချမ်းသာတယ်။ ကျနော်တို့ ခန့်မှန်းကြည့်ရ‌သလောက်ကတော့ ပထမပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုနဲ့ အသတ်ခံရတာဖြစ်နိုင်သလို၊ နောက်တချက်က အသတ်ခံရသူမိသားစုပိုင် ငွေကြေးအမြောက်အမြားနဲ့ လက်ဝတ်ရတနာပါတွေပါ ယူတာဆိုတော့ ဓားပြတိုက်တာပဲ။ ကျနော်တို့ကတော့ ဒါကို လက်ပိုက်ကြည့်မနေနိုင်ဘူး” လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

သာယာအေးကျေးရွာက သတ်ဖြတ်ခံရသူတွေဟာ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေကြသူတွေ ဖြစ်ကာ အတန်အသင့် ငွေကြေးပြည့်စုံသူတွေ ဖြစ်ကြပြီး မိသားစု ၆ ဦးရှိတဲ့အနက် အသက် ၅၅ နှစ်အရွယ် ဦးမြင့်ဝင်းနဲ့ မိ သားစုဝင်အမျိုးသမီး ၄ ယောက်တို့ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်အတွင်းက ဗီရို၊ သေတ္တာတွေ လှန်လှောကာ ရွှေ၊ ငွေ၊ နဲ့ လပ်တော့ပ်တစ်လုံး ယူသွားကြပြီး အခြားအိမ်မှာ သွားအိပ်တဲ့ မိသားစုဝင် အမျိုးသမီးတစ်ယောက်သာ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

Depeyin PDF တာဝန်ရှိသူတစ်ဦးက “အခုလို မိသားစုဝင်တွေကိုပါ သတ်ဖြတ်တာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်တာကတော့ လက်မခံနိုင်စရာပါ။ ကျနော်တို့ ဒီပဲယင်း PDF အနေနဲ့ ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

လူသတ်သမားတွေဟာ Point 22၊ တူမီး၊ ဓားတွေကို အသုံးပြုသွားတာဖြစ်ပြီး လည်ပင်းညှစ်သတ်တာ၊ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်တာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးဗိုက်ကို ဓားနဲ့ထိုးသတ်တာတွေ ပြုလုပ်သွားတာဖြစ်ပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။

အဆိုပါမိသားစုဝင် ၅ ဦး အသတ်ခံရတာဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရသေးဘဲ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း လူမှုကွန်ရက်စာမျက်နှာကနေ ကြောညာချက်ထုတ်ပြန်ထားကြပါတယ်။

အသတ်ခံရတဲ့ မိသားစုဝင် ၅ ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့က သင်္ဂြိုဟ်လိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာ အခုလို မိသားစုလိုက် သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၂၆ ရက်နေ့ကလည်း စိုင်ပြင်မှာ ကိုအောင်နိုင်စိုးနဲ့ မစံပယ်တို့ သားဖသုံးယောက်ကို အခုလို အုပ်စုဖွဲ့ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013