DVB Logo
Home
မြန်မာသတင်း
တန့်ဆည်တွင် စစ်တပ်ကစစ်ကြောင်းထိုးနေ၍ စပါးရိတ်သိမ်းခွင့်မရမည်ကို လယ်သမားများစိုးရိမ်
DVB
·
November 23, 2021
တန့်ဆည်တွင် စစ်တပ်ကစစ်ကြောင်းထိုးနေ၍ စပါးရိတ်သိမ်းခွင့်မရမည်ကို လယ်သမားများစိုးရိမ်
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက အနောက်ပိုင်းကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာတွေပြုလုပ်နေလို့ ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စိုက်ပျိုးထားတဲ့ မိုးစပါးတွေ ရင့်မှည့်လာပြီဖြစ်လို့ အချိန်မီရိတ်သိမ်းခွင့်မရမှာကို ဒေသခံလယ်သမားတွေ စိုးရိမ်နေကြပါတယ်။

“ရွာမပြန်နိုင်တာ တစ်လကျော် ကြာပြီ၊ ကိုယ့်လယ် ရိတ်သိမ်းဖို့ နေနေသာသာ ရွာကိုမပြန်ရဲကြဘူး။ နွားတွေလည်း အိမ်မှာကျန်ခဲ့တယ်။ စစ်တပ်က သတ်စားပြီးပြီလား၊ ကျွေးမွေးသူမရှိလို့  သေနေသလားဆိုတာ မပြောတတ်ဘူး” လို့ ကပေါင်းကျဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တချို့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အလံနီစိုက်ပြီး စပါးရိတ်သိမ်းနေသလို လယ်သမားတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“အခုနောက်ပိုင်း  မြို့ပေါ်တက်စိုက်ပျိုးရေးဆေးဝယ်သွားတဲ့တောင်သူအချို့ကို ‘လုပ်မနေကြနဲ့ မင်းတို့လည်း စားရမှာမဟုတ်ဘူး’။ လယ်ကို စက်မောင်းရေသွင်းနေသူတွေ့ရင်လည်း ‘အလကား ဆီကုန်တယ်၊ မင်းတို့လယ်တွေ မီးရှို့ပစ်မယ်။’ တချို့ကျေးရွာတွေဆိုရင် ‘မင်းတို့ရွာက PDF တွေ အကြမ်းဖက်တွေ မင်းတို့လယ်တွေ အကုန်သိမ်းမယ်” လို့ ခြိမ်းခြောက်နေတာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစပြီး ကုန်ဈေးနှုန်းတွေ တ‌ရွေ့ရွေ့ကြီးမြင့်လာပြီး စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနဲ့ ဆေးအမျိုးမျိုးဟာလည်း အရင်နှစ်တွေကထက် နှစ်ဆက‌နေ သုံးဆခန့်ထိ ဈေးတက်သွား‌ကာ စပါးစိုက်တောင်သူအချို့ စပါးပေါ်ပေး စိုက်ပျိုးရေးဆေးတွေ ယူသုံးထားကြရလို့ စပါးရိတ်သိမ်းခွင့်မရခဲ့ပါက တစ်ပူပေါ်နှစ်ပူဆင့်ကြရမယ်လို့ လယ်သမားတွေက ပြောပါတယ်။

လတ်တလော ပကာ၊ စင်းသင်း၊ စိန်ကျေးကူ၊ ခေါင်ယာ၊ လိပ်ခြံ၊ တောင်ကျောင်း နဲ့ ကာပေါင်းကျ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ သိရပြီး၊ တန့်ဆည်မြို့နယ်အတွင်းမှာ ကျေးရွာ ၁၀ ရွာက အိမ်ထောင်စု ၂၀၀၀ လောက် နေရပ်မပြန်နိုင်‌သေးဘဲ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013