DVB Logo
Home
မြန်မာသတင်း
ပတ္တယားကမ်းခြေ ဗလမောင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ၁ ဦး ပထမရ
DVB
·
November 23, 2021
ပတ္တယားကမ်းခြေ ဗလမောင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ၁ ဦး ပထမရ
1 / 3
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ညက ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်တဲ့အနေနဲ့ ဗလမောင်/ဗလမယ်ပြိုင်ပွဲ Thailand Muscle and Physique Championships 2021 ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံသား ၁ ဦး (ခါးနံပါတ် ၂၅) က ပထမဆုရရှိခဲ့ပါတယ်။ 

အဆိုပါမြန်မာနိုင်ငံသားမှာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့က အသက် ၂၆ နှစ်ရွယ် စိုင်းဆိုင်အွန်ဖြစ်ပြီး ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုမှာ ပညာသင်နေကာ လောလောဆယ် ကျောင်းပြီးထားပေမယ့် ကိုဗစ်ကြောင့် မြန်မာပြည်ပြန်လို့မရသေးဘဲ ပတ္တယားမှာပြိုင်ပွဲရှိမယ်ဆိုတာသိလို့ ဆရာတွေနဲ့လေ့ကျင့်ပြီး ဝင်ပြိုင်ရာက ပထမဆုရခဲ့တာလို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်က နဂိုကတည်းက ကျန်းမာရေးအတွက် အားကစားလုပ်တယ်။ ကြွက်သားသန်မာအောင် လေ့ကျင့်တယ်။ ပတ္တယားမှာ ပြိုင်ပွဲရှိမယ်ဆိုတာသိတော့ အတွေ့အကြုံရအောင် ဆရာနဲ့လေ့ကျင့်ပြီး ဝင်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်သူတွေက မိန်းမရော ယောက်ျားရော လူ ၁၀၀ ကျော်မယ် ထင်တယ်။ နိုင်ငံခြားသားတွေရော၊ ထိုင်းတွေရော ဘယ်သူမဆို ဝင်ပြိုင်လို့ရတယ်။  အသုတ်လိုက်ခေါ်ပြီး ပြိုင်တာ။ ကျနော်တို့အသုတ်က Man’s Athletic Physique Height Over 175 CM. အရပ် ၁၇၅ စင်တီမီတာအထက်တွေ သပ်သပ်ခေါ်တယ်။ နောက်ဆုံးဆန်ခါတင် ၅ ယောက်မှာ ကျနော် ပထမရပါတယ် ခင်ဗျ၊ ကျန်တဲ့ ၄ ယောက်က ထိုင်း ၃ ယောက်၊ ပါကစ္စတန် ၁ ယောက်ပါ။”

ပထမဆုအနေနဲ့ ပွဲဖြစ်မြောက်ရေးကော်မတီက ဂုဏ်ပြုလွှာနဲ့ ဘတ်ငွေ ၁၀၀၀၀ ကို ချီးမြှင့်ပေးခဲ့ပြီး စပွန်ဆာတွေကလည်း လက်ဆောင်ပစ္စည်းတွေ၊ အထူးဈေးနှုန်းနဲ့ ပစ္စည်းဝယ်ယူခွင့် ကူပွန် စတာတွေ ရရှိခဲ့ကြောင်း၊ ဆုငွေပမာဏ အနည်း အများထက် မိမိရဲ့ အောင်မြင်မှုကို ပိုပြီးကျေနပ်ဝမ်းသာရတယ်လို့ သူက ပြောသွားပါတယ်။ 

စိုင်းဆိုင်အွန်ရဲ့ မိဘတွေဟာ တာချီလိတ်မြို့ တော်ကော့ရပ်ကွက်နေ ဦးစိုင်းဇင့် နဲ့ ဒေါ်နန်းခမ်းတို့ ဖြစ်ပြီး သူ့အနေနဲ့လည်း ချင်းမိုင်ရာ့ချ်ဖတ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရပြီးပါက မြန်မာပြည်ပြန်ပြီး မိဘလက်ငုတ်လက်ရင်း ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းကိုသာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013