DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၁ ခုကို ကေအန်ယူတိုက်ခိုက်
DVB
·
November 23, 2021
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၁ ခုကို ကေအန်ယူတိုက်ခိုက်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့တပ်စခန်းတခုကို  ကေအန်ယူ တပ်မဟာ ၁ လက်အောက်ခံ KNLA တပ်ရင်း ၃ က သွားရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဘက်က ၃ ဦး ဒဏ်ရာရရှိပြီး မော်တော်ယာဥ်ရုံ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၇ (သိမ်ဇရပ်)တပ်စခန်းကို တပ်မဟာ ၁၊ KNLA တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်တွေက အန်စီအေစာချုပ် ပါအချက်တွေကို ချိုး​ဖောက်ပြီးဝင်ရောက်လာသလို ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေး အကြိမ်ကြိမ်ချိုးဖောက်နေတဲ့အတွက် ဒေသခံတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ရတာလို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်လောက်ဟာ နယ်မြေကျော်ဝင်ရောက်လာပြီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင်ပျက်စီးခဲ့တဲ့အပြင် ရွာသားတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သိမ်ဇရပ်တပ်စခန်းအနီး နေထိုင်တဲ့ ဒေသခံရွာသားတစ်ဦးက"တပ်စခန်းမှာ ပစ်ခတ်သံတွေကြားပြီး တပ်က ၃ ယောက်ထိမှန်တယ်လို သိရတယ်။ တပ်က ကောင်တွေက ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာကလူတွေ ထွက်ပြေး​နေရတယ်။ အိမ်တွေ၊ စျေးဆိုင်တွေ ထိမှန် ပျက်စီးကုန်တယ်"လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၅ ရက်က ကျိုက်ထိုမြို့နယ်၊ မိုးဘောရွာဟောင်းနဲ့ မိုးဘောနတ်စင်ကြားမှာ  KNLA တပ်ရင်း ၃ နဲ့ စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံတပ်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ-FBR

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013