
တရုတ်နိုင်ငံက ပြည်နယ်အတော်များများမှာ ဇူလိုင် ၈ ရက်က မိုးသည်းလို့ လမ်းတွေရေလျှံခဲ့ပြီး ရေလှောင်ကန်တခု ပျက်စီးခဲ့တဲ့အတွက် ရွာတွေ ရေလွှမ်းမိုးခံခဲ့ရတဲ့ ရုပ်သံတွေကို နိုင်ငံပိုင်မီဒီယာ CCTV က ထုတ်လွှင့်ခဲ့ပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးဒေသ၊ နန်နင်းမြို့နား ဟန်ကျိုးမြို့ထဲက ယာယီတဲတွေထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနေထိုင်သူတွေဆီ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေကို ဒရုန်းနဲ့ ပို့ဆောင်ပေးနေရပါတယ်။
ဟူဘေးပြည်နယ်၊ တာ့ယီမြို့မှာလည်း လေပြင်းတိုက်ခတ်လို့ အိမ်တွေပျက်စီးခဲ့ပြီး အပျက်အစီးတွေ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတချို့မှာ မိုးသည်းတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေတာ အပါအဝင် ပြင်းထန်တဲ့ ရာသီဥတုနဲ့ ရင်ဆိုင်နေရတာပါ။
ဒေသခံအာဏာပိုင်တွေက ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်နေတာနဲ့ ဘေးကင်းရေး စစ်ဆေးနေတာတွေကိုလည်း ပြသထားပါတယ်။
Source: Reuters










