DVB Logo
Home
မြန်မာသတင်း
တနိုင်းမြို့ အထက (၁)တွင် ဆရာမနှင့် ကျောင်းသားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 22, 2021
တနိုင်းမြို့ အထက (၁)တွင်  ဆရာမနှင့် ကျောင်းသားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းတက်ရောက်နေတဲ့ ဆရာမနဲ့ ကျောင်းသားတွေဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရလို့ ရောဂါ ကူးစက်ခံရသူတွေကို နေအိမ်မှ ကွာရန်တင်းထားထားတယ်လို့ သိရပါတယ်။

အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းက ဆရာမ တယောက်နဲ့  ကျောင်းသား ၃ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။

အဆိုပါကျောင်းက ပညာရေးဝန်ထမ်း ၁ ဦးက “၁၉ရက်နေ့က ကိုဗစ် ပိုးစစ်တယ်။ အလယ်တန်းပြဆရာမတယောက်ရယ်၊ သတ္တမတန်း ကျောင်းသူတယောက်နဲ့  နဝမတန်းကျောင်းသားတယောက်မှာ ကိုဗစ်-၁၉ ပိုး တွေ့တယ်။ ပိုးတွေ့ထားတဲ့ သူတွေကို Home quarantine ထားပေးတယ်" လို့ ပြောပါတယ်။

အခြေခံပညာအထက်တန်းကျောင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့အတွက် ဒီနေ့ နိုဝင်ဘာ ၂၂ရက် ကျောင်းတက်ချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေက  ဆေးစစ်ဆေးပေးနေပြီး ရောဂါပိုးတွေ့ရှိမှုအခြေအနေကိုတော့  တိတိကျကျ မသိရသေးပါဘူး။

အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ ၁၇၀၀၀ ကျော်ရှိပြီး ဒီအထဲကမှ ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ဟာ  ကိုဗစ် ကာကွယ်ဆေး ထိုးထားပြီးကြောင်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013