DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း PDF စခန်း ၁ ခုကို စစ်တပ်က ဝင်စီး၊ PDF ၁ ဦးကျဆုံး
DVB
·
November 22, 2021
မကွေးတိုင်းအတွင်း PDF စခန်း ၁ ခုကို စစ်တပ်က ဝင်စီး၊ PDF ၁ ဦးကျဆုံး
1 / 3
Donate to DVB

မကွေးတိုင်းထဲက PDF စခန်းတခုကို  နိုဝင်ဘာ ၂၂ ရက် ဒီကနေ့   အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ရာမှာ  ထိတွေ့တိုက်ပွဲဖြစ်လို့ ဒေသခံ  PDF တပ်သားတယောက် ကျဆုံးခဲ့ပါတယ်။

PDF အဖွဲ့တာဝန်ရှိသူတယောက်က “တောမရဲ့ အရှေ့ဘက် ရွှေတောင်ကနေတဆင့် နတ်တောင်ထိပ်ကနေ ဆင်းလာတာ။ ကျောက်ထုဘက်က အဖွဲ့နဲ့ ပေါင်းပြီးလာတယ်။ ကျနော်တို့စခန်းကို စွန့်လိုက်ရတာပေါ့။ မိုင်းတော့ ထောင်ထားတယ်။ အဲဒါမှာ သူတို့မိုင်းမိတယ်။ ကျနော်တို့ဘက်က ပြောက်ကျားတွေနဲ့ တွေ့တော့ တိုက်ပွဲဖြစ်ပြီး တယောက်ကျသွားပါတယ်။ ကျနော်တို့ စခန်းတခုလုံးလည်း ဖျက်ဆီးခံလိုက်ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံး ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်နဲ့ သယ်ယူပြီး နောက်ထပ်အင်အားတွေ ဖြည့်ပေးထားတယ်လို့လည်း သူက ပြောပါတယ်။ မနေ့က တိုက်ပွဲမှာလည်း အင်အားအများအပြားသုံးလာတာကြောင့် ခုခံဖို့ အဆင်သင့်မဖြစ်ဘဲ အားလုံးတိမ်းရှောင်လိုက်ရတယ်လို့ သူက ဆိုပါတယ်။

“အခုလာတဲ့ စစ်သားတွေက စနစ်ကျတယ်။ ရွာသားတွေကိုလည်း ဒုက္ခမပေးဘူး။ စစ်ဆေးပြီးရင်လည်း ပြန်လွှတ်ပေးတယ်။ သူတို့က တောထဲရောက်ရင်လည်း ပျောက်သွားတာ။ တိုက်ရမလွယ်ဘူး။ ကျနော်တို့မှာက လက်နက် ကောင်းကောင်းလည်းရှိတာမဟုတ်ဘူးလေ” လို့ PDF အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ ယောနယ် ကာကွယ်ရေးတပ်အပါအဝင် မဟာမိတ်အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က အများအပြားကျဆုံးခဲ့ပါသေးတယ်။

မနေ့မနက်ပိုင်းက ဂန့်ဂေါနဲ့ ကလေးမြို့ နယ်စပ် ကျောက်ပြုတ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို YDF နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။

နေ့လယ်ပိုင်းမှာလည်း ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကနေ ဂန့်ဂေါမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီ ကား ၅ စီးကို YDF ဂန့်ဂေါနဲ့ ပူးပေါင်းအဖွဲ့က ခေါက်ခူရွာနားမှာ မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်လို့ ကား ၂ စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ဗိုလ်တယောက်အပါအဝင် ၁၁ ယောက် သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကျည်ဆန်တွေနဲ့ ပစ္စည်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013