DVB Logo
Home
မြန်မာသတင်း
ချင်းမိုင် လွိုင်းကထုန်းပွဲမှ ပြန်လာသည့် မြန်မာအလုပ်သမား ၃ ဦး ကားတိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
November 22, 2021
ချင်းမိုင် လွိုင်းကထုန်းပွဲမှ ပြန်လာသည့် မြန်မာအလုပ်သမား ၃ ဦး ကားတိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ချင်းမိုင်တန်ဆောင်တိုင် လွိုင်းကထုန်းပွဲကနေ နိုဝင်ဘာ ၂၁ ရက်က  ဆိုင်ကယ် ၁ စီးတည်း အတူစီးပြီးပြန်လာတဲ့ မြန်မာအလုပ်သမား ၃ ဦးဟာ မယ့်ဟယ်ရပ်ကွက် ချင်းမိုင် - ဟွတ်မြို့နယ်သွား လမ်းမကြီးပေါ်မှာ ကားတစ်စီးနဲ့တိုက်မိပြီး ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ သွားတယ်လို့ Nation သတင်းမှာ ဖော်ပြပါတယ်။

သူတို့ ၃ ယောက်ဟာ နိုဝင်ဘာ ၂၀ ညဉ့်သန်ခေါင်းကျော်ထိ ပွဲလည်ပြီးပြန်လာစဉ်  Porsche အမျိုးအစား SUV ကားသစ်တစ်စီးက ဝင်တိုက်လို့  ဆိုင်ကယ်မောင်းအမျိုးသား၁ ဦးနဲ့ နောက်က လိုက်စီးတဲ့ အမျိုးသမီးမှာ မီတာ ၄၀ အကွာ လမ်းမကြီးပေါ် လွှင့်စင်သွားပြီး ကယ်ဆယ်ရေး ကားတွေက ဆေးရုံကိုပို့ပေးခဲ့ပေမယ့် မကြာခင် သေဆုံးသွားကြောင်း၊ နောက် ၁ ဦးမှာတော့ ကိုယ်လက်နဲ့ခြေတောက်တွေမှာ ဒဏ်ရာရပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။ 

ကားမောင်းသူဟာ အသက် ၅၂ နှစ်ရွယ်ရှိ နိုင်းရူမ်းလဝင်းဆိုသူဖြစ်ပြီး မြေယာ ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှ ဦးဆောင်ဒါရိုက်တာဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်တာကို   ချက်ချင်းမဆင်းလာဘဲ ရဲတွေလာရောက်မေးမြန်းတော့ ထိတ်လန့်တုန်လှုပ်နေပြီး ကောင်းစွာ မဖြေနိုင်ကြောင်း၊ တာဝန်ရှိသူတွေက သူ့ကိုအယ်လ်ကိုဟော(အရက်) တိုင်းတာပြီး စီစီကင်မရာတွေ စစ်ဆေးကာ လိုအပ်သလို အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

သေဆုံးသွားတဲ့အလုပ်သမား ၂ ဦးမှာ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှ စိုင်းစိုး (၃၈) နှစ်နဲ့ လဲချားမြို့မှ နန်းဆိုင် (၃၄ နှစ်) တို့ဖြစ်ပြီး သူတို့အသုဘကို ချင်းမိုင်ဝပ်ကူတောက်မှာ ထားရှိကာ မနက်ဖန်သင်္ဂြိုဟ်မယ်လို့ နာရေးကူညီမှုအသင်းမှ စိုင်းတိုင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။ 

ဒဏ်ရာရသူမှာ အသက် ၃၄ နှစ်ရွယ်ရှိ စိုင်းတို့ ဆိုသူဖြစ်ပြီး လက်ရှိဆွန်ဒေါက်ဆေးရုံ မှာကုသနေကြောင်း၊ သူဟာ အရေးပေါ်ခန်းကုသနေဆဲမို့ဖြစ်စဉ်အသေးစိပ်မမေးရသေးဘဲ မျက်မြင်တွေ ပြောပြချက်အရ ကားမောင်းသူမှာ အရက်မူးနေတယ်လို့သိရကြောင်း၊ ဒါပေမဲ့ ရဲစခန်းကအမှုတွဲထွက်လာမှ သူတို့အတွက်နစ်နာကြေးတွေ တောင်းဆိုနိုင်မယ်လို့ စိုင်းတိုင်းထိန်က ပြောပါတယ်။

ကိုးကား - https://www.nationtv.tv/news/378853467

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013