DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့​က အရပ်သား အနည်းဆုံး ၁၃ ဦး ဖမ်းဆီးခံရ
DVB
·
November 22, 2021
မိုးကုတ်မြို့​က အရပ်သား အနည်းဆုံး ၁၃ ဦး ဖမ်းဆီးခံရ
Donate to DVB

မန္တ​လေးတိုင်း မိုးကုတ်မြို့မှာ နိုဝင်ဘာ ၂၁ ရက်က စစ်ကောင်စီတပ်တွေက အရပ်သား ၁၃ ယောက်ကို နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

"အောင်မြေသုခက ၈ ယောက်ကို အိမ်မှာ လာဖမ်းသွားတာ။ လယ်ဦးဘက်က ဖုန်းတွေ ဘာတွေ စစ်ရင်း ဖမ်းခံလိုက်ရတဲ့သူတွေလည်း ရှိတယ်။ လယ်ဦးဘက်က ၅ ယောက်လောက် အဖမ်းခံထား ရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ မှာ စစ်ကောင်စီတပ်တွေက လက်နက်တွေအသင့်ဆင်ပြီး မြို့ထဲ ကင်းလှည့်နေတဲ့အပြင် စစ်တာဆေးတွေပါ ယခင်ထက်ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ဒေသခံ တစ်ဦးကို စစ်ကောင်စီတပ်တွေက နေအိမ်ကို လာရောက်ကာ အဝတ်မဲ နဲ့မျက်နှာကို အုပ်ဖမ်းဆီးသွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက်မှာတော့ တရက်တဘည်း အရပ်သား အနည်းဆုံး ၁၃ ဦးလောက် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပတ္တမြားမြေ PDF အဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး နောက် စစ်ကောင်စီတပ်တွေ မြို့တွင်းက ဒေသခံတွေကို ဖမ်းဆီးတာတွေ များလာသလို စစ်ဆေးမှုတွေလည်း ပိုမိုတင်းကြပ်လာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013