DVB Logo
Home
မြန်မာသတင်း
မော်လိုက်မြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနေအိမ် ဗုံးပစ်ခံရ၊ ကလေးဝမြို့နယ်​၌ အရပ်သား ၃ ဦး ဖမ်းဆီးခံရ
DVB
·
November 22, 2021
မော်လိုက်မြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနေအိမ် ဗုံးပစ်ခံရ၊ ကလေးဝမြို့နယ်​၌ အရပ်သား  ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့မှာ  ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဋ္ဌရဲ့ နေအိမ်မှာ နိုဝင်ဘာ ၂၀ ရက် ညနေ ၆ နာရီလောက်က  ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဗုံးပစ်ဖောက်ခွဲတာကို မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပျောက်ကျားတပ်ဖွဲ့ ကနေ လုပ်ဆောင်တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာတာမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် မီတာခ အဓမ္မကောက်ခံနေတဲ့ လျှပ်စစ်ရုံးကို အဆိုပါပြောက်ကျားတပ်ဖွဲ့အနေနဲ့  ဖောက်ခွဲဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။

မော်လိုက်မြို့နယ်အတွင်းက ရပ်ကွက် ကျေးရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးဒလန်တွေ၊ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို တိုက်ခိုက်ခြေမှုန်းသွားမယ်လို့လည်း မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်​ဘာ ၂၁ ရက်​​က ထုတ်​ပြန်​ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်​မှာတော့  နိုဝင်​ဘာ ၂၀ ရက်​​ည​နေက  ​ဒေသခံ အရပ်သား  ၃ ဦး ဖမ်းဆီးခံရပါတယ်​။

နိုဝင်​ဘာ ၁၉ ရက်​​က စစ်​​ကောင်​စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လိုက်ပါလာတဲ့ ယာဉ်​တန်းကို  က​လေးမြို့နယ်​ ယုဇန ​ကျေးရွာနားမှာ က​လေးဝ PDF က မိုင်းဆွဲ တိုက်​ခဲ့တာနဲ့ ပတ်သက်ပြီး ဒလန်ရဲ့ သတင်းပေးမှုကြောင့် ရွာသားတွေ ဖမ်းဆီးခံရတာလို့ ဒေသခံတစ်​ဦးက​ ပြောပါတယ်​။

ဖမ်းဆီးခံရသူတွေကတော့ ဇီးဒေါင့်ကျေးရွာက ကိုသိန်းစိုး၊ ယူဇနလယ်​ရွာက ကိုအာကာမင်းနဲ့ ​သက်​ကယ်​ကျင်းရွာက  ကိုလန်းတို့ ဖြစ်ကြပါတယ်။​

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013