DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် စစ်ကောင်စီတပ်ကို LPDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်
DVB
·
November 21, 2021
လောင်းလုံးတွင် စစ်ကောင်စီတပ်ကို LPDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ပိုင်းကို  ဒီနေ့မနက် ၈ နာရီခွဲလောက်က  ဆင်းလာတဲ့  စစ်ကောင်စီ ကားတစ်စီးအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF)  နဲ့ အင်အားစု ပြောက်ကျားတပ်ဖွဲ့တို့က မိုင်းခွဲတိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလောက် လိုက်ပါလာတဲ့ကားကို  မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ LPDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က စစ်ကူ ၁၀ ယောက်လောက်ပါ  Vigo   ကားတစ်စီး ထပ်မံရောက်လာလို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး LPDF တပ်က ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်   ၆  ဦးကျဆုံး၊ ဒဏ်ရာရသူ  ၃  ဦးထဲက စခန်းမှူးတစ်ယောက်ဒဏ်ရာ ပြင်းထန်ကြောင်း PDF  ဘက်ကတော့ ၁ ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာ PDF တပ်သားတွေ လွတ်မြောက်နေရာကို ရောက်ရှိနေပြီဖြစ်ပြီး  အခုပစ်ခတ်မှုဖြစ်စဉ် ရွာသားတွေနဲ့ လုံးဝ မသက်ဆိုင်ကြောင်းလည်း LPDF အဖွဲ့ အသိပေးထားပါတယ်။

စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရသူတွေကိုတော့ ထားဝယ် တပ်ဆေးရုံကို  ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013