
ဗြိတိန်-အိန္ဒိယသူဌေး အာမစ်ဘာတီယာ ဦးဆောင်တဲ့အဖွဲ့ကို လီဗာပူးအသင်းရဲ့ ရှယ်ယာတချို့ ရောင်းချဖို့ ဆွေးနွေးနေတယ်လို့ အသင်းစီအီးအိုက အတည်ပြုပြောပါတယ်။
အခုဆွေးနွေးမှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေပြီး သဘောတူညီမှုရဖို့ နီးစပ်နေတယ်လို့ ယုံကြည် နေကြတာပါ။
လီဗာပူးစီအီးအို ဘီလီဟိုဂန်ကတော့ အသင်းကို အထောက်အကူဖြစ်စေမဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို အမြဲတမ်း စဉ်းစားသွားမယ်လို့ ပြောပါတယ်။
ဟိုဂန်ကတော့ FSG ဟာ လီဗာပူးစီမံကိန်းအပေါ် အပြည့်အဝ ကတိကဝတ်ရှိနေကြောင်း အလေးပေး ပြောကြားပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှုသတင်းဟာ FSG နုတ်ထွက်တော့မယ်ဆိုတဲ့ လက္ခဏာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဘောလုံးလောကမှာ အပြောင်းအလဲတွေက ရှောင်လွှဲလို့မရတာဖြစ်ပြီး နည်းပြသစ် အန်ဒိုနီ အီရာအိုလာရဲ့ အတွေးအခေါ်တွေအပေါ် စိတ်လှုပ်ရှားနေတယ်လိုလည်း သူက ဖြည့်စွက် ပြောပါတယ်။
အသင်းဟာ ဘဏ္ဍာရေးအရ ကောင်းမွန်တဲ့အနေအထားမှာ ရှိနေပြီး ဆုဖလားတွေ ဆွတ်ခူးဖို့နဲ့ ရေရှည်တည်တံ့တဲ့ ကြီးထွားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဟိုဂန်က ပြောပါတယ်။
Photo:Reuters










