DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာများအတွက် Bulk Sale စနစ်ဖြင့် အောင်လံလွှင့်ချီနွေဦးထီ စရောင်းပေးမည်
DVB
·
November 21, 2021
ပြည်ပရောက်မြန်မာများအတွက် Bulk Sale စနစ်ဖြင့် အောင်လံလွှင့်ချီနွေဦးထီ စရောင်းပေးမည်
Donate to DVB

အောင်လံလွှင့်ချီနွေဦးထီကို ပြည်ပရောက်မြန်မာတွေ ကံစမ်းအားပေးနိုင်ဖို့အတွက် အစုလိုက်ရောင်းချတဲ့စနစ် Bulk Sale System နဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

“အထူးအစီစဥ် အနေနဲ့ ပြည်ပမှ နွေဦးထီကို ထိုးနိုင်ဖို့ Bulk sale ဖြင့် ရောင်းချပေးရန် စီစဥ်ထားရှိပြီ ဖြစ်ပါတယ်။ blue mark ပါတဲ့ နွေဦးထီ page မှတဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။ ပြည်ပက ထိုးသူတွေအတွက် bulk sale နဲ့ ရောင်းချပေးမယ် ၂၃ ရက်နေ့ ကစဝယ်လို့ရမယ်။ ငွေကြေးစနစ်က ဘဏ်ငွေလွှဲစနစ်။ တစ်ဦးက စုပြီးစောင်ရေ ဘယ်လောက်ဆိုပြီး bulk sale ဝယ်လို့ရမယ်။”

နွေဦးထီကို နိုဝင်ဘာလဆန်းကစပြီး လစဉ်ပုံမှန်ထီဖွင့်တဲ့စနစ်နဲ့ စတင်ရောင်းချခဲ့တာပါ။ နိုဝင်ဘာလအတွက် နွေဦးထီကို ၂၅ ရက်နေ့မှာ အရောင်းပိတ်သွားမှာဖြစ်ပြီး ၃၀ ရက်နေ့ ထီဖွင့်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။

“နွေဦးထီက တော်လှန်ရေးအတွက် လူတိုင်းပါဝင်နိုင်ခြင်းနှင့် CDM ဝန်ထမ်းတွေကို အထောက်အပံ့ ဖြစ်စေနိုင်မယ့်အပြင် အောင်ဘာလေထီကို အစားထိုးနိုင်မှု လုံလုံခြုံခြုံနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်မှုကို ပြသနိုင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်” ဒုဝန်ကြီးဦးမင်းဇေယျာဦးကပြောပါတယ်။

ပထမအကြိမ် နွေဦးထီဖွင့်ပွဲကို အောက်တိုဘာ ၃၀ ရက်နေ့စတင်ကျင်းပခဲ့ပြီး စမ်းသပ်ကာလတုန်းကထက် ပိုမိုကောင်းမွန်လုံခြုံတဲ့စနစ်တွေနဲ့ ပြင်ဆင်ထားတယ်လို့ နွေဦးထီမိသားစုက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013