DVB Logo
Home
မြန်မာသတင်း
အောင်လံမြို့နယ် PDF စခန်းငယ်တစ်ခု ဝင်စီးခံရပြီး ၁ ဦးကျဆုံး၊ ၂ ဦးအဖမ်းခံရ
DVB
·
November 21, 2021
အောင်လံမြို့နယ် PDF စခန်းငယ်တစ်ခု ဝင်စီးခံရပြီး ၁ ဦးကျဆုံး၊ ၂ ဦးအဖမ်းခံရ
1 / 2
Donate to DVB

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်းက PDF စခန်းငယ်တစ်ခုကို အကြမ်းဖက်စစ်အုပ်စုက ဝင်စီးနင်းခဲ့တာကြောင့် အောင်လံ PDF ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူး ၁ ယောက်ကျဆုံးပြီး ၂ ယောက်အဖမ်းခံရတယ်လို့ သိရပါတယ်။

အောင်လံမြို့နယ် ကင်းမွန်းခြုံရွာနားက PDF စခန်းငယ်တစ်ခုကို နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၂ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီ အင်အား ၃၀ လောက်ဟာ ကားလေး ၂ စီး၊ ဆိုင်ကယ် ၅ စီးနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ အောင်လံ PDF ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်လင်းယုန်က  ပြောပါတယ်။

“ကင်မွန်းခြုံရွာရဲ့ အထက် ၄ မိုင်လောက်မှာ PDF ပြောက်ကျား စခန်းငယ်တစ်ခုကို စစ်ကောင်စီက ဝင်စီးခဲ့တာပါ။ တပ်ခွဲမှူး ဗိုလ်သဲမိုးခေါ် ကိုမင်းခန့်သစ္စာ တိုင်ပြည်အတွက် အသက်ပေးခဲ့ရပြီးတော့ ကိုသူရနဲ့ လမင်းငယ်တို့ အဖမ်းခံလိုက်ရတယ်ဗျ။ စခန်းက ဖောက်ခွဲရေးပစ္စည်း နည်းနည်းကိုလည်း စစ်အုပ်စုတွေကသိမ်းသွားတယ်။”

အောင်လံ PDF ပြောက်ကျားတပ်ဖွဲ့ဟာ အောင်လံမြို့နယ်ထဲမှာ ပြောက်ကျားစနစ်နဲ့ စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပြီး နောက်ပိုင်းမှ အမည်တစ်ခုပေးသွားမယ်လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတာဟာ စစ်ကောင်စီခန့် ကင်မွန်ခြုံအုပ်ချုပ်ရေးမှူ ဒလန်က အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးတာကြောင့် ဖြစ်ပြီး ကျဆုံးခဲ့ရတဲ့ တပ်ခွဲမှူးနဲ့ တပ်ဖွဲ့ဝင်တွေအတွက် စစ်အုပ်စုကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013