DVB Logo
Home
မြန်မာသတင်း
အဆမတန်များလာတဲ့ ဘိုကလေးမြို့က ခွေးလေခွေးလွင့်များ အမြန်ရှင်းလင်းပေးပါ
DVB
·
November 20, 2021
အဆမတန်များလာတဲ့ ဘိုကလေးမြို့က ခွေးလေခွေးလွင့်များ အမြန်ရှင်းလင်းပေးပါ
1 / 6
Donate to DVB

ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ခွေးလေခွေးလွင့်များ အရမ်းကိုများလာတယ်။ ကလေးတွေ ခဏခဏ  အကိုက်ခံရတယ်။ လူကြီးတွေ တောင်မှ လမ်းသွားရင် ခွေးတွေက အုပ်စုလိုက်ဆို ဝိုင်းဆွဲချင်တယ်။ ခွေး လေခွေးလွင့် အရမ်းများလာတဲ့အတွက် သက်ဆိုင်ရာအနေနဲ့  ရှင်းလင်း ပေးစေလိုပါတယ်။

ဟိုးအရင်ကတော့ ကျန်းမာရေးအဖွဲ့နဲ့ စည်ပင်ပေါင်းပြီးခွေးလေ ခွေးလွင့် လိုက်ရှင်းပေးတယ်။ ကျနော်သိ သလောက်ဆို ဟိုးအရင်က ၂ နှစ်တစ်ခါလောက်တော့ ရှင်းပေးသေးတယ်။ ခု အဲ့လို လိုက်မရှင်းတာ ၁၀နှစ်လောက်ကြာပြီ။

လက်လုပ်လက်စား မိသားစုတွေ ခွေးကိုက်ခံရရင် ခွေးရူးပြန် ကာကွယ်ဆေးမထိုးနိုင်ဘူး။  အရပ်ထဲ မန်းတတ်တဲ့သူနဲ့ မန်းပြီး ပတ်တီးစည်းထားလိုက်ရတာပဲ။ တစ်နေ့လုပ် တစ်နေ့စားရတာ ဆေးထိုးဖို့က အဆင်မပြေဘူးလေ။ ဘိုကလေးမြို့နယ်ဆေးရုံမှာလည်း ခွေးရူးပြန်ကာကွယ်ဆေးက ရှိတဲ့အခါ  ထိုးပေးပြီး မရှိတဲ့အခါ ပြင်ပဆေးရုံဆေးခန်းတွေမှာ သွားထိုးရင် ဆေးတစ်လုံး ငွေကျပ် နှစ်သောင်းနီးပါး ကုန်ကျတယ်။

ဒါကြောင့် ဘိုကလေးမြို့က ခွေးလေခွေးလွင့်တွေကို အမြန်ရှင်းလင်းပေးဖို့ ဗွီဘီကတဆင့် တင်ပြလိုက်ပါတယ်။

ဘိုးကလေးဒေသခံတစ်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013