
Space X အာကာသယာဉ်ဟာ အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) ကို ၈ နာရီမပြည့်ဘဲ ရောက်ရှိပြီး အမေရိကန်ရဲ့ အာကာသခရီး အမြန်နှုန်း စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဂျက်စီကာ ဝတ်ကင်စ်ကလည်း အာကာသအဖွဲ့ကို ဦးဆောင်တဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာပါတယ်။
NASA အတွက် SpaceX က ဝတ်ကင်စ်နဲ့ အာကာသယာဉ်မှူး ၃ ယောက်ကို အောက်တိုဘာ ၁ ရက်မှာ ဖလော်ရီဒါပြည်နယ် ကာနာဗာရယ် အငူအာကာသစခန်းကနေ ကနေ လွှတ်တင်ခဲ့ပါတယ်။
Dragon “Grace” အာကာသယာဉ်ဟာ လွှတ်တင်ပြီး ၇ နာရီ ၅၅ မိနစ်အကြာမှာ ISS နဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။
ဒါဟာ ISS ကို ရောက်ဖို့ အမေရိကန်အာကာသယာဉ်တစင်းအတွက် အမြန်ဆုံးခရီး ဖြစ်သလို SpaceX အတွက်လည်း စံချိန်သစ် ဖြစ်ပါတယ်။
ယာဉ်ပေါ်မှာ အမေရိကန်နိုင်ငံသား ၂ ယောက်၊ ဝတ်ကင်စ်နဲ့ လုခ်ဒဲလနီ၊ ကနေဒါနိုင်ငံသား တယောက်နဲ့ ရုရှားနိုင်ငံသား တယောက်လိုက်ပါခဲ့ပါတယ်။
“ဒီကိုရောက်ဖို့ ခရီးကဒီလောက်တိုတာ စိတ်ဝင်စားစရာကောင်းပါတယ်၊ ဒါပေမဲ့ ဒီအဆင့်အထိ ရောက်လာဖို့ ခရီးကတော့ ရှည်လျားခဲ့ပါတယ်” လို့ ဝတ်ကင်စ်က NASA တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောပါတယ်။
ဘူမိဗေဒပညာရှင် ဝတ်ကင်စ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က NASA ရဲ့ Mars rover Curiosity စီမံကိန်းမှာ လုပ်ကိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကလည်း အာကာသစခန်းကို ကို သွားရောက်ခဲ့ဖူးပါတယ်။
အာကာသယာဉ်မှူး ၄ ယောက်ဟာ အာကာသစခန်းမှာ ၅ လကြာ နေထိုင်ပြီး သုတေသနနဲ့ အာကာသဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
Source:Reuters










