DVB Logo
Home
မြန်မာသတင်း
ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို စစ်ကောင်စီ ဗဟိုဘဏ်က ပိုမိုတင်းကျပ်
DVB
·
November 19, 2021
ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို  စစ်ကောင်စီ ဗဟိုဘဏ်က ပိုမိုတင်းကျပ်
Donate to DVB

စစ်ကောင်စီ ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေထုတ်ပြီး  ပိုမိုစည်းကမ်းတင်းကျပ်လိုက်တာဟာ   အရောင်းအဝယ်သမားတွေကို လုပ်ငန်းရပ်တန့်သွားအောင် ဖိအားပေးရာရောက်တယ်လို့ လုပ်ငန်းရှင်တွေက  ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ငွေကြေးလည်ပတ်မှုစနစ်တွေကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နည်းလမ်းမျိုးစုံနဲ့ ထိန်းချုပ်ကန့်သတ်လာနေတာ ဖြစ်ပါတယ်။ 

ဒီအကျိုးဆက်ကြောင့် ပြည်တွင်းစီးပွားရေးမှာ လုပ်ငန်းလည်ပတ်ဖို့အတွက် လိုအပ်တဲ့ငွေကြေးတွေကို အလွယ်တကူ ထုတ်ယူခွင့်မရတဲ့ ဆိုးကျိုးနဲ့ ရင်ဆိုင်နေရပြီး ဒီအခြေအနေအတိုင်းသာ ဆက်သွားရင် စီးပွားရေးလုပ်ငန်းတွေ အားလုံး ရပ်တန့်ကုန်လိမ့်မယ်လို့ လုပ်ငန်းရှင်တဦးက ဆိုပါတယ်။

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တဦးက “တကယ့်တကယ်က လုပ်ငန်းလည်ပတ်နေတဲ့ ကုန်သည်တွေအပေါ်မှာ ပိုပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။ နဂိုကတည်းက စီးပွားရေးက ကျပ်တည်းနေတာ။ ဒီကျပ်တည်းနေတဲ့ကြားထဲက နည်းနည်းပါးပါး အရောင်းအဝယ် ဖြစ်တဲ့ဟာကို။ ပြီးတော့ ငွေပေးငွေယူကလည်း ညှိနှိုင်းရတာ ခက်ခဲနေတဲ့ မူလအခြေအနေနော်။ ဒီလိုခက်ခဲနေတာကို ညွှန်ကြားချက်ထုတ်တော့ ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။ ခုတော့ ညှိနှိုင်းရတာ ပိုခက်ခဲလာက လက်တွေ့ကြုံနေရတာပဲ။ ဒီအတိုင်းဆက်သွားနေရင် စီးပွားရေးလုပ်ငန်းတွေက ရပ်တန့်တော့မယ့် အခြေအနေဆီ ဦးတည်နေပြီ။ ဒီတော့ အကုန်လုံး ကျပ်တည်းလာပြီး အကုန်လုံး ဒုက္ခရောက်ကုန်တော့မယ်။ ဒါကြောင့် အောက်ခြေအထိကို သက်ရောက်မှု ဘယ်လိုရှိနိုင်သလဲဆိုတာကို သေချာဆန်းစစ်ပြီးတော့ လုပ်ဖို့လိုတာပေါ့နော်။ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို စိစစ်ပြီးမှ အမိန့်အာဏာကို ထုတ်စေချင်တယ်” လို့ပြောပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးကလည်း “အရောင်းအဝယ်ကိစ္စနဲ့ပတ်သတ်ပြီး ငွေသွင်းငွေထုတ်က နဂိုကတည်းက ညှိနှိုင်းရခက်နေတဲ့အချိန်လေ။ အဲ့လို ညှိနှိုင်းရခက်တဲ့အခြေအနေမှာ ဗဟိုဘဏ်က အခုလိုအမိန့်ညွှန်ကြားချက် ထပ်ထွက်လာတဲ့အတွက် ညှိနှိုင်းရတာ ပိုပြီးတော့ခက်ခဲသွားတာပေါ့။ နဂိုကတည်းက ငွေသား ဘယ်လောက်ပေးမလဲ။ ဘဏ်ဆီ ဘယ်လောက်လွှဲမလဲ ဆိုတာကို ညှိနှိုင်းရ ခက်နေတာလေ။ အခုလိုထပ်ထွက်လာလို့ ပိုပြီးတော့တောင် အိမ်ခြံမြေ အရောင်းအဝယ်တွေက ညှိနှိုင်းရ ပိုပြီးခက်စေပါတယ်။ ဒီအခြေအနေကြောင့်ပဲ အရောင်းအဝယ်ပျက်သွားတာတွေ ပိုကြုံနေရပြီ။ အရင်ကတည်းက ညှိနှိုင်းရခက်နေတဲ့အခြေအနေမှာ အခုတော့ တပူကနေ နှစ်ပူဆင့်နေရတာပေါ့” လို့ဆိုပါတယ်။

အရောင်းအဝယ်သမားတဦးကတော့ “အခုဟာက ဘဏ်ဆီ ငွေထောင်ချီဝင်သွားတာနဲ့ ဘဏ်အကောင့်ပိုင်ရှင်တွေဆီ ဖုန်းက တောက်လျှောက်ဝင်လာတာပဲလေ။ ဘာလုပ်ဖို့ ဒီငွေလွှဲရတာလဲပေါ့နော်။ ငွေသွားလွှဲတဲ့သူလည်း အမေးခံရတယ်။ မေးလို့ရှိရင်လည်း ပြောပြလို့ရှိရင် စာချုပ်တွေဘာတွေ အကုန် ပြခိုင်းတာပေါ့နော်။ ဆိုတော့ အရောင်းအဝယ်မှာ အထစ်အငေါ့ဖြစ်ရတဲ့အကြောင်းအရာတွေက ပိုပြီးတော့ ပိုလာတာတွေ့ရတယ်” လို့ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ ငွေသားစီမံခန့်ခွဲမှုကောင်းမွန်စေဖို့ နိုင်ငံတော်အစိုးရရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်တွေ ပံ့ပိုးနိုင်ဖို့ ရည်ရွယ်ပြီး  လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်ရဲ့ ညွန်ကြားချက်အသစ်မှာ ကုန်ပစ္စည်တွေ ရောင်းတာ၊ ဝယ်တာနဲ့ လွှဲပြောင်းတာတွေ အတွက် ငွေပေးချေမှု၊ ဝန်ဆောင်မှုအတွက် ငွေပေးချေမှုနဲ့ တခြားငွေပေးချေမှုတွေ ပြုလုပ်ရာမှာ တကြိမ်လျှင် ငွေသားဖြင့်ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက်မပိုစေဖို့နဲ့ ဒီပမာဏထက်ပိုတဲ့ ဘယ်လို  ငွေပေးချေမှုတွေ အတွက်မဆို ဘဏ်စနစ်အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းတွေ  အသုံးပြုဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

Photo Credit- Happioteam

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013