DVB Logo
Home
မြန်မာသတင်း
ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူ ၂၀၀ ခန့် အသတ်ခံရဟု စစ်ကောင်စီ ဝန်ခံ
DVB
·
November 19, 2021
ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူ ၂၀၀ ခန့် အသတ်ခံရဟု စစ်ကောင်စီ ဝန်ခံ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးပိုင်းက  တာဝန်ရှိသူ အယောက်  ၂၀၀ လောက် အသတ်ခံရလို့ သေဆုံးခဲ့ပြီး ၁၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ အများဆုံး သတ်ခံရတာဖြစ်ပြီး ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၄၉ ယောက်၊ ရာအိမ်မှူး ၄ ယောက်နဲ့ စာရေး ၂ ယောက် သတ်ခံရပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူး ၁၉ ယောက် ဒဏ်ရာရ၊ ရာအိမ်မှူး ယောက် ဒဏ်ရာရပြီး စာရေး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အသတ်ခံရသူ ဒုတိယအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းမှာတော့ အုပ်ချုပ်ရေးမှူး ၃၁ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရ၊ ရာအိမ်မှူး ၁၃ ယောက် သေဆုံးကာ  ၁၈ ယောက် ဒဏ်ရာရ၊ စာရေး ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။  ရန်ကုန်တိုင်းမှာတော့ အုပ်ချုပ်ရေးမှူး ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရ၊ ရာအိမ်မှူး ၁၆ ယောက် သေဆုံးကာ  ၂၁ ယောက် ဒဏ်ရာရ၊ စာရေး ၁ ယောက် ဒဏ်ရာရခဲ့ကာ စုစုပေါင်း သေဆုံးသူ အယောက် ၃၀ နဲ့ ဒဏ်ရာရသူ ၃၇ ယောက် ရှိပါတယ်။  

ချင်းပြည်နယ်မှာ အုပ်ချုပ်ရေးမှူး ၁ ယောက်သေဆုံး ၁ ယောက် ဒဏ်ရာရပြီး ရှမ်းပြည်နယ်မှာတော့ အုပ်ချုပ်ရေးမှူး ၂ ယောက် ဒဏ်ရာရပြီး ရာအိမ်မှူး ၁ ယောက် သေဆုံးတယ်လို့ စစ်ကောင်စီ စာရင်းမှာ ဖော်ပြထားပါတယ်။

နေပြည်တော်နဲ့ ရခိုင်ပြည်နယ်မှာတော့ အုပ်ချုပ်ရေးမှူး ၁ ယောက်စီပဲ သေဆုံးခဲ့ပြီး ကယားပြည်နယ်မှာ အုပ်ချုပ်ရေးမှူး ၁ ယောက်ပဲ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီ သက်ဆိုးရှည်ဖို့ အထောက်အပံ့ဖြစ်တာကြောင့် နုတ်ထွက်ကြဖို့ ပြည်သူတွေက သပိတ်တွေနဲ့ တောင်းဆိုကြသလို့ ဒလန်ရှင်းလင်းရေးနဲ့ ပြောက်ကျားတပ်ဖွဲ့တွေကလည်း သူတို့နုတ်ထွက်ကြဖို့ သတိပေးနေတာပါ။

"ဒလန်ကတော့ သေပါစေဗျာ။ ဒလန်ကြောင့် စစ်ကြောင်းထိုးခံရတာ၊ ကိုယ့်လူတွေ ဖမ်းခံရတာဆိုတော့ များများသေဖို့လိုတယ်။ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ထောက်တိုင်မှန်သမျှကတော့ အနှေးနဲ့ အမြန် ကျဆုံးကျမှာပဲဗျာ။ လူတိုင်းသေရမှာပါပဲ။ အမှန်တရားဘက်က ရပ်တည်ပြီးသေရတာ ပိုကောင်းပါတယ်။ ဘဝမှာ တခါပဲ သေရမယ်။ အခါခါ မသေနိုင်ဘူးလေ" လို့ ဆောမြို့နယ် PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။

တနိုင်ငံလုံးမှာတော့ အုပ်ချုပ်ရေးမှူး အယောက် ၁၄၀ သေဆုံးပြီး ၈၈ ယောက် ဒဏ်ရာရ၊ ရာအိမ်မှူး ၅၂ ယောက် သေဆုံးပြီး ၅၅ ယောက် ဒဏ်ရာရ၊ စာရေး ၆ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013