DVB Logo
Home
မြန်မာသတင်း
မိုးဗြဲ PDF ကင်းစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း
DVB
·
November 17, 2021
မိုးဗြဲ PDF ကင်းစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ရှမ်းကယားနယ်စပ်၊ မိုးဗြဲ PDF ကင်းစခန်းတခုကို နိုဝင်ဘာ ၁၇  ဒီကနေ့ မနက် အစောပိုင်း စစ်ကောင်စီတပ်က  ဝင်ရောက်စီးနင်းခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ၂ နာရီခွဲအချိန်လောက်က မိုးဗြဲပြည်သူတွေကို လုံခြုံရေး တာဝန်ယူပေးထားတဲ့ မိုးဗြဲ PDF ကင်းစခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လူအင်အား လက်နက်အင်အား မမျှတပေမယ့် ကြံ့ကြံ့ခံ ခုခံရင်ဆိုင်တိုက်ခိုက်ခဲ့ပြီးနောက် ကင်းစခန်းနေရာကနေ ဆုတ်ခွာခဲ့ရကာ ရဲဘော် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို ၂ ဦးက အသေးစား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ညတွင်းချင်း ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို လူနေရပ်ကွက်အတွင်း ပြည်သူတွေရဲ့ အိုးအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၄ ရက်တုန်းက လွိုင်ကော်ကနေ ဖယ်ခုံမြို့ကို ချီတက်လာတဲ့  စစ်ကောင်စီတပ် ယာဉ်တန်းကို မိုးဗြဲ PDF နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ကပူးပေါင်းတိုက်ခိုက်ခဲ့လို့  စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မိုးဗြဲအပါအဝင် ဖယ်ခုံမြို့နယ်တွေမှာ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ သောင်းချီ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013