DVB Logo
Home
မြန်မာသတင်း
ကလေး PDF တပ်ခွဲစခန်းတခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်၊ ဆေးတပ်ဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီး
DVB
·
November 17, 2021
ကလေး PDF တပ်ခွဲစခန်းတခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်၊ ဆေးတပ်ဖွဲ့ဝင် ၁၀  ဦးကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အနောက်တောင်ပိုင်းမှာ  တပ်ဖွဲ့ဝင်ဦးရေ ၂၀ ကျော် စခန်းချနေထိုင်တဲ့ PDF (Kalay) တပ်ရင်း ၃ အောက်က တပ်ခွဲတစ်ခုရဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နိုဝင်ဘာ ၁၆ ရက် မနက် ၈ နာရီကျော်လောက်က  ဝင်ရောက်စီးနင်း သိမ်းပိုက်သွားခဲ့တယ်လို့ သိရပါတယ်။ ‘

အဆိုပါ ဖြစ်စဉ်မှာ စခန်းရှိ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၀ ဦး ဖမ်းဆီးခံသွားရပြီး အဖမ်းခံရသူ အများစုဟာ တပ်ရင်း ၃   Medical Team ဆေးတပ်က အဖွဲ့ဝင်တွေဖြစ်တယ်လို့  PDF (Kalay) အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

အဖမ်းဆီးခံရသူများထဲက အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတချို့ ပေါ်ထွက်နေပြီး အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒါ့အပြင် နိုဝင်ဘာ ၁၆  ရက် မွန်းလွဲပိုင်းမှာ ကလေးမြို့နယ်အနောက်တောင်ပိုင်း နယ်မြေတဝိုက်ရှိ ရှားတော၊ မြို့ကြီးကုန်း၊ မြို့လှစတဲ့ နေရာအသီးသီးမှာ စစ်ကြောင်းတွေ ခွဲတက်လာတဲ့ စစ်ကောင်စီတပ်နဲ့  PDF (Kalay) ၊ CNDF ၊ CDF (KKG) ၊ ရပ်ရွာ ပ.က.ဖ အဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ညနေ ၆ နာရီခွဲအထိ တိုက်ပွဲပြင်းထန် ဖြစ်ခဲ့ပါတယ်။

မြို့လှရပ်ကွက်ဘက်မှ စစ်‌ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF (Kalay) တပ်ဖွဲ့တွေက မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အပြင် ကလေးမြို့နယ် ၊ တာဟန်းရပ်ကွက်ရှိ တာဟန်းရဲစခန်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတိုက်ပွဲတွေအတွင်း  နှစ်ဘက်ထိခိုက်သေဆုံး၊ ဒဏ်ရာရမှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013