DVB Logo
Home
မြန်မာသတင်း
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ CDM စစ်သား ၁၅ ဦး ထပ်မံပူးပေါင်း
DVB
·
November 17, 2021
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ CDM စစ်သား ၁၅ ဦး ထပ်မံပူးပေါင်း
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး အာဏာဖီဆန် CDM ပြုလုပ်ကာ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီကို   CDM စစ်သား ၁၅ ဦး ထပ်မံပူးပေါင်း လာတာကြောင့်  ဆက်သွယ်ပူးပေါင်းလာကြတဲ့ စစ်သည် ၃၀ နီးပါးရှိပြီလို့ သိရပါတယ်။

ပြည်သူ့ဘက်ကို ပူးပေါင်းလာကြတဲ့ CDM စစ်သားတွေထဲမှာ ဗိုလ်အဆင့်၊ တပ်ကြပ်အဆင့်၊ ဒုတပ်ကြပ်အဆင့်နဲ့ ရဲဘော်အဆင့်တွေပါဝင်တယ်လို့ သိရပါတယ်။

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုတလော ဗိဿနိုးတပ်မတော်ကိုဆက်သွယ်ပြီး ပူးပေါင်းလာတဲ့သူတွေက အရင်ထက်စိပ်လာတယ်။ ပူးပေါင်းလာတဲ့သူတွေနဲ့ သူတို့မိသားစုတွေလုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေရလို့ စစ်ဆင်ရေးတွေ ဆိုင်းငံ့ထားရတာပါ။ ကျနော်တို့တွေ ရပ်နေတာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဗိဿနိုးနယ်မြေပြည်သူကာကွယ်ရေးတပ်မတော်ဆီကိုဆက်သွယ်ပူးပေါင်းလာကြတဲ့ စစ်သည် အရေအတွက်ဟာ  လွန်ခဲ့တဲ့  ၂ လလောက်က  ၁၅ ယောက်ရှိပြီး အခု အောက်တိုဘာလကုန်ပိုင်းကနေ နိုဝင်ဘာလ ၁၆ ရက်အထိ  ၁၅ ယောက် ထပ်တိုးလာလို့  စုစုပေါင်း အ‌ယောက်  ၃၀ ရှိပြီလို့ သိရပါတယ်။

ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ စီမံကွပ်ကဲရေးတာဝန်ခံက ''ဒီမှာရောက်လာတဲ့သူတွေက နယ်အစုံ၊ တပ်အစုံဘဲ။ ထပ်တိုးလာတဲ့သူတွေကို သူတို့သဘောဆန္ဒအတိုင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် လွတ်မြောက်နယ်မြေမှာ နေခဲ့တဲ့သူကလည်းနေခဲ့တယ်။ တခြားကိုသွားတဲ့သူကလည်းသွားတယ်။ သူတို့အတွက် အစစအရာရာ ဆောင်ရွက်ပေးနေရတယ်'' လို့ ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့အခြေစိုက် အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ်က တပ်သားတွေစုပေါင်းပြီး  ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ငွေကျပ် ၁ သိန်း လှူဒါန်းထားတယ်လို့လည်း သိရပါတယ်။

စစ်ဆင်ရေးတွေဆင်နွှဲတော့မှာဖြစ်လို့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုကြတဲ့ တပ်မတော်သားတွေအနေနဲ့လည်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ လွတ်မြောက်နယ်မြေမှာ လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013